Friday, February 1, 2013

မိန်းကလေးများ အတွက် Valentine နီးလာပြီဆိုတော့ စကားလေးတွေတစ်ချို့လက်ဆောင်ပေးချင်တယ်ဗျာ

မိန်းကလေးများ အတွက် Valentine နီးလာပြီဆိုတော့ စကားလေးတွေတစ်ချို့လက်ဆောင်ပေးချင်တယ်ဗျာ
===================================

မိန်းကလေးတွေ သတိထားမိစေဖို့ (For My Friends . Sisters and Fans) :) (ဟာသမဟုတ်ပါ)

၁ ။ ယောကျာ်းလေးတွေက ခေတ်ဆန်တဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ပေမဲ့ အရမ်း Sexy ဖြစ်လွန်းပြီး အမြဲတမ်း Club မှာ ယောကျာ်းလေးတွေကြားထဲ တွဲကနေတတ်တဲ့ မိန်းကလေးမျိုးဆိုရင် မလေးစားတတ်ကြပါဘူး အဲ့လိုမိန်းကလေးမျိုးကို ခဏတာ အဖြစ်သာ တွဲတတ်ကြတယ်

၂ ။ ယောကျာ်းလေးတွေရဲ့ 80% လောက်က အရမ်းရိုးရိုးကြီးတွေဆိုရင် သဘောမကျတတ်ပေမဲ့ ကိုယ့်ချစ်သူကောင်မလေးက သနပ်ခါး ပါးကွက်ကျားလေး (သနပ်ခါးလိမ်းတတ်သူတွေအတွက်) နဲ့ ရိုးရိုးလေး ထမိန်လေးကိုပဲ တစ်ခါတစ်လေ ၀တ်လာရင် ဒီလိုလေးလဲ ငါ့ချစ်သူလေးက ရိုးရိုးလေး ကျတော့လဲ ချစ်စရာကောင်းလိုက်တာ ဆိုပြီး ပါးစပ်က မပြောရင်တောင် စိတ်ထဲက ထင်မိကြတယ်

၃ ။ ယောကျာ်းလေးတွေက မိန်းကလေးတွေ စိတ်ကောက်တတ်တာလေးကို သဘောကျတတ်ပေမဲ့ အမြဲတမ်းကြီး စိတ်ကောက်နေတတ်ပြီး အတူတူရှိချိန်လေးမှာ ပျော်ရွှင်ရတဲ့အချိန် နဲလာပြီးလို့ထင်လာရင် စိတ်ပျက်လာတတ်ပါတယ်

၎ ။ ယောကျာ်းလေးတွေက လူအများက သူ့ကို အထင်မြင်လွဲနေတဲ့အချိန် အဆူအပူတွေကြားထဲမှာရောက်နေချိန်မှာ ယောကျာ်းတစ်ယောက်ဆိုပေမဲ့လဲ အနည်းငယ် အားနည်းနေတတ်တဲ့အတွက် ကိုယ့်ချစ်သူရဲ့ အားပေးမှု ယုံကြည်မှုလေးကိုတော့ လိုချင်တတ်ကြတယ်

၅ ။ ယောကျာ်းလေးတွေက ကိုယ့်ချစ်သူကောင်မလေးဟာ အရင်တုန်းက ရည်းစား ဒါဇင်မက ထားခဲ့ပါစေ ခွင့်လွှတ်နိုင်ပေမဲ့ ကိုယ့်ချစ်သူဖြစ်ပြီးနောက်မှဆိုရင် ထပ်ပြီး စိတ်ကစားတာမျိုးဆိုရင်တောင်မှ ခွင့်လွှတ်ဖို့ ခက်ခဲတတ်ကြတယ်

၆ ။ ယောကျာ်းလေးတွေက ချွဲနွဲ့တတ်တဲ့ မိန်းကလေးမျိုးဆိုရင် ချစ်စရာကောင်းတယ်ထင်တတ်ကြပေမဲ့ အမြဲတမ်းချွဲပစ်နေပြီ ကိုယ့်ကို အရာရာ လုပ်ခိုင်းတတ်တဲ့ မိန်းကလေးမျိုးဆိုရင် မကြိုက်တတ်ကြဘူး

၇ ။ ယောကျာ်းလေးတွေက မုန့်တူတူစားရင် ယောကျာ်းဖြစ်တဲ့အတွက် ပိုက်ဆံကို သူတို့ပဲရှင်းချင်တတ်ကြတယ် မိန်းကလေးက သတိရှိရှိနဲ့ အစားအသောက်ကို ယောကျာ်းလေးရဲ့ တတ်နိုင်တဲ့အခြေနေမျိုးပဲ မှာကြဖို့ လိုတယ်

၈ ။ ယောကျာ်းလေးတွေက မိမိကိုယ်တိုင် ဘုရားရှိခိုး မှန်ချင်မှမှန်လိမ့်မယ် ဒါပေမဲ့ ကိုယ့်ချစ်သူကိုတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေရင် အရမ်းလေးစားတတ်ပါတယ်

၉ ။ ယောကျာ်းလေးတွေက ဖုန်းပြောရင်းနဲ့ မိန်းကလေးက စိတ်ကောက်ပြီဆိုရင် ဘယ်လိုဖြေရှင်းရမှန်း မသိကြဘူး အနားမှာရှိတုန်းစိတ်ကောက်ရင် သေချာချော့လို့ရပေမဲ့ စကားသိပ်မကြွယ်တဲ့လူတွေအတွက်တော့ ဖုန်းပြောနေတုန်း စိတ်ကောက်ခံရရင် ဒုက္ခရောက်တတ်ပါတယ်

၁၀ ။ ယောကျာ်းလေးတွေက (တစ်ချို့လူပျင်းတွေမှအပ) ယခုအချိန်မှာ အလုပ်အကိုင်ကောင်းမရှိနိုင်သေးရင်တောင် အလုပ်အကိုင်ကောင်းရရှိအောင် ပြည့်စုံအောင်ကြိုးစားချင်ကြတဲ့လူတွေကြီးပါပဲ ဒါကို ခုချိန်ထိ အလုပ်က မရသေးဘူးလား ဘာညာလို့ ကိုယ့်ချစ်သူကပါပြောလာရင် စိတ်ထင်ရာဆိုင်းပြီး လုပ်ချင်ရာ လုပ်တတ်ကြပါတယ် စိတ်နဲနဲတော့ ရှည်ပေးကြဖို့လိုပါတယ်

ချစ်သူတိုင်း အဆင်ပြေကြပါစေ

*J Ki*

မိန်းကလေးတွေ သတိထားမိစေဖို့ (For My Friends . Sisters and Fans) :) (ဟာသမဟုတ်ပါ)

၁ ။ ယောကျာ်းလေးတွေက ခေတ်ဆန်တဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ပေမဲ့ အရမ်း Sexy ဖြစ်လွန်းပြီး အမြဲတမ်း Club မှာ ယောကျာ်းလေးတွေကြားထဲ တွဲကနေတတ်တဲ့ မိန်းကလေးမျိုးဆိုရင် မလေးစားတတ်ကြ ပါဘူး အဲ့လိုမိန်းကလေးမျိုးကို ခဏတာ အဖြစ်သာ တွဲတတ်ကြတယ်

၂ ။ ယောကျာ်းလေးတွေရဲ့ 80% လောက်က အရမ်းရိုးရိုးကြီးတွေဆိုရင် သဘောမကျတတ်ပေမဲ့ ကိုယ့်ချစ်သူကောင်မလေးက သနပ်ခါး ပါးကွက်ကျားလေး (သနပ်ခါးလိမ်းတတ်သူတွေအတွက်) နဲ့ ရိုးရိုးလေး ထမိန်လေးကိုပဲ တစ်ခါတစ်လေ ၀တ်လာရင် ဒီလိုလေးလဲ ငါ့ချစ်သူလေးက ရိုးရိုးလေး ကျတော့လဲ ချစ်စရာကောင်းလိုက်တာ ဆိုပြီး ပါးစပ်က မပြောရင်တောင် စိတ်ထဲက ထင်မိကြတယ်

၃ ။ ယောကျာ်းလေးတွေက မိန်းကလေးတွေ စိတ်ကောက်တတ်တာလေးကို သဘောကျတတ်ပေမဲ့ အမြဲတမ်းကြီး စိတ်ကောက်နေတတ်ပြီး အတူတူရှိချိန်လေးမှာ ပျော်ရွှင်ရတဲ့အချိန် နဲလာပြီးလို့ထင်လာရင် စိတ်ပျက်လာတတ်ပါတယ်

၎ ။ ယောကျာ်းလေးတွေက လူအများက သူ့ကို အထင်မြင်လွဲနေတဲ့အချိန် အဆူအပူတွေကြား ထဲမှာရောက်နေချိန်မှာ ယောကျာ်းတစ်ယောက်ဆိုပေမဲ့လဲ အနည်းငယ် အားနည်းနေတတ်တဲ့အတွက် ကိုယ့်ချစ်သူရဲ့ အားပေးမှု ယုံကြည်မှုလေးကိုတော့ လိုချင်တတ်ကြတယ်

၅ ။ ယောကျာ်းလေးတွေက ကိုယ့်ချစ်သူကောင်မလေးဟာ အရင်တုန်းက ရည်းစား ဒါဇင်မက ထားခဲ့ပါစေ ခွင့်လွှတ်နိုင်ပေမဲ့ ကိုယ့်ချစ်သူဖြစ်ပြီးနောက်မှဆိုရင် ထပ်ပြီး စိတ်ကစားတာမျိုးဆိုရင်တောင်မှ ခွင့်လွှတ်ဖို့ ခက်ခဲတတ်ကြတယ်

၆ ။ ယောကျာ်းလေးတွေက ချွဲနွဲ့တတ်တဲ့ မိန်းကလေးမျိုးဆိုရင် ချစ်စရာကောင်းတယ်ထင်တတ်ကြပေမဲ့ အမြဲတမ်းချွဲပစ်နေပြီ ကိုယ့်ကို အရာရာ လုပ်ခိုင်းတတ်တဲ့ မိန်းကလေးမျိုးဆိုရင် မကြိုက်တတ်ကြဘူး

၇ ။ ယောကျာ်းလေးတွေက မုန့်တူတူစားရင် ယောကျာ်းဖြစ်တဲ့အတွက် ပိုက်ဆံကို သူတို့ပဲရှင်းချင်တတ်ကြတယ် မိန်းကလေးက သတိရှိရှိနဲ့ အစားအသောက်ကို ယောကျာ်းလေးရဲ့ တတ်နိုင်တဲ့အခြေနေမျိုးပဲ မှာကြဖို့ လိုတယ်

၈ ။ ယောကျာ်းလေးတွေက မိမိကိုယ်တိုင် ဘုရားရှိခိုး မှန်ချင်မှမှန်လိမ့်မယ် ဒါပေမဲ့ ကိုယ့်ချစ်သူကိုတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေရင် အရမ်းလေးစားတတ်ပါတယ်

၉ ။ ယောကျာ်းလေးတွေက ဖုန်းပြောရင်းနဲ့ မိန်းကလေးက စိတ်ကောက်ပြီဆိုရင် ဘယ်လိုဖြေရှင်းရမှန်း မသိကြဘူး အနားမှာရှိတုန်းစိတ်ကောက်ရင် သေချာချော့လို့ရပေမဲ့ စကားသိပ်မကြွယ်တဲ့လူတွေ အတွက်တော့ ဖုန်းပြောနေတုန်း စိတ်ကောက်ခံရရင် ဒုက္ခရောက်တတ်ပါတယ်

၁၀ ။ ယောကျာ်းလေးတွေက (တစ်ချို့လူပျင်းတွေမှအပ) ယခုအချိန်မှာ အလုပ်အကိုင်ကောင်း မရှိနိုင်သေးရင်တောင်အလုပ်အကိုင်ကောင်းရရှိအောင် ပြည့်စုံအောင်ကြိုးစား ချင်ကြတဲ့ လူတွေကြီးပါပဲ ဒါကို ခုချိန်ထိ အလုပ်က မရသေးဘူးလား ဘာညာလို့ ကိုယ့်ချစ်သူကပါပြောလာရင် စိတ်ထင်ရာဆိုင်းပြီး လုပ်ချင်ရာ လုပ်တတ်ကြပါတယ် စိတ်နဲနဲတော့ ရှည်ပေးကြဖို့လိုပါတယ်

ချစ်သူတိုင်း အဆင်ပြေကြပါစေ

No comments:

Post a Comment