ကျိန္တလီ၊ ဖေဖေါ်ဝါရီ ၁။
ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့နယ်ခွဲမှ အရစ်ကျစနစ်ဖြင့်aရာင်းချပေးခဲ့သော ဂျီအက်စ်အမ်ဆင်းကဒ် ၃၀၀ခန့်မှာ လိုင်း မမိဖြစ်နေကြောင်း
ဖုန်းဝယ်ယူထားသူ ရတနာမြိုင်ရွာမှ ကိုကျော်ကျော် က ပြောကြား သည်။
မြန်မာ့ဆက်သွယ်ရေးမှ ကျိန္တလီမြို့နယ်ခွဲရှိ ရတနာမြိုင်ခေါ်
ကုလားပြင်ကျေးရွာအုပ်စုပိုင် ရွာပေါင်း ၁၈ရွာကို လွန်ခဲ့သော ၂၀၁၂ခုနှစ်
နိုဝင်ဘာ လနှင့် ဒီဇင်ဘာလအတွင်း အရစ်ကျ စနစ်ဖြင့်
ရောင်း ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရောင်းချပေးခဲ့သည့် ရွာပေါင်း ၁၈ ရွာတွင် ရတနာမြိုင်နှင့် ကိုင်းခုံ နှစ်ရွာသာလိုင်းမိပြီး ကျန်သည့် ရွာ ၁၆ ရွာတွင် လိုင်းမမိဖြစ်နေကြောင်းသိရသည်။
“ဖုန်းက ရွာမှာဆိုရင် အထိုင်ဖုန်းနဲ့ထားမှ လိုင်းမိတယ်။ ဟန်းဆက် ဆိုရင်လည်း လိုင်းဆွဲအား အရမ်းကောင်းမှလိုင်းကမိတယ်။ အခုဖုန်းလိုင်း က မမိတော့ ဖုန်းတွေ ၀ယ်ထားပြီး ဘာမှသုံးမရဖြစ်နေတယ်၊ ကျွန်တော်တို့ ဒီဖုန်းလိုင်းမမိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး၂၀၁၂ခုနှစ် ဒီဇင်ဘာ လောက်ကတည်းက ဆက်သွယ်ရေးက တာဝန်ရှိသူတွေကို
ပြောထားတာတွေ ရှိတယ်၊ ဒါပေမယ့် ခုချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြား
ခြင်း မရှိသေးဘူး”ဟု ကိုကျော်ကျော်က ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးမှ ပထမဆုံးအကြိမ် အရစ်ကျဖုန်းလေးသန်းခန့်ကို မြန်မာတစ်ပြည်လုံးတွင် စီမံကိန်းအနေဖြင့်ရောင်းချပေးခဲ့ရာ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်တွင် ဂွ၊ ကျိန္တလီ၊သံတွဲ စသည့် မြို့များတွင် ရောင်းချပေးခဲ့ပြီး လိုင်းမမိဖြစ်နေသည့်ရွာများမှာ ကျိန္တလီမြို့မှ အလွန်ကွာ ဝေးသော နေရာ တွင်ရှိနေကြောင်း သိရသည်။
အဆိုပါဖုန်းများသည် ကျိန္တလီမြို့နယ်ခွဲမှ ၃မိုင် ခန့် အထိသာ ဖုန်းလိုင်းမိမည် ဖြစ်ကြောင်းနှင့် အလွန်ဝေးလံသောနေရာများအတွက် ကြားခံ စက် တစ်လုံး ထားရှိမှသာ ဖုန်းလိုင်း မိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျိန္တလီကနေ သုံးမိုင်လောက်အထိပဲ ဖုန်းလိုင်းက မိနိုင်မယ်၊ဒါတွေက ရုံးချုပ်က စီမံကိန်းနဲ့ လုပ်တဲ့ကိစ္စတွေမို့လို့ စက်အသစ်ကိစ္စကတော့ ဘာမှ မပြောနိုင်သေးဘူး။ နောက်ပိုင်းစီမံချက်တွေမှာ
ပါလာခဲ့ရင်တော့ လိုင်းရနိုင်တာပေါ့၊ ခုလောလောဆယ်တော့
ဖုန်းလိုင်းမမိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာအစီအစဉ်မှ မရှိသေးဘူး” ဟု
သံတွဲမြို့ရှိ မြန်မာ့ဆက်သွယ်ရေးမှ ဦးလှမြင့်က ပြောကြားသည်။
ရည်မွန်
No comments:
Post a Comment