ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာအဖြစ်ရွေးချယ်ခံရပါက ဖုန်း ဆင်းကတ်နှင့် အင်တာနက်လိုင်းများ ကို အခမဲ့ပေးသွားမည်ဟု Red Link ကုမ္ပဏီမှသိရသည်။
''ဆက်သွယ်ရေး အော်ပရေတာ လုပ်ခွင့်ရတာနဲ့ ဆင်းကတ် အခမဲ့ ပေးမှာပါ၊ ကျွန်တော်တို့ဘက်က Call ခေါ်ဆိုခပဲ ယူမယ်၊ Marketing သဘော အရဆိုရင် အိမ်တိုင်ရာရောက် စနစ်နဲ့ တောင် ပေးသွားဖို့ ရှိပါတယ်''ဟု Red Link ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့် က ပြောသည်။
ယင်းအပြင် အင်တာနက်စနစ်များ ကိုလည်း လိုင်းအသုံးပြုခ အခမဲ့ပေး သွားမည်ဖြစ်ပြီး အင်တာနက်
သုံးစွဲခွင့် ပေးရန်ချိတ်ဆက်ရမည့် ကြိုးဖိုးနှင့် လစဉ်ကြေးကိုသာ ကောက်ခံမည် ဖြစ် ကြောင်း ၄င်းကဆက်လက်ပြောသည်။
''နိုင်ငံတကာမှာလည်း ဒီလို ပုံစံ တွေ ရှိပါတယ်။ လိုင်းအခမဲ့ ပေးပြီး လစဉ်ကြေးပဲ ကောက်တဲ့စနစ်မျိုးပါ၊ ၂ဝ၁၁ ခုနှစ်တုန်းကလည်း ပြောထား ပြီးသားရှိပါတယ်။ အဓိကတော့ ဆက် သွယ်ရေးကဏ္ဍကို လုပ်ပိုင်ခွင့် အပြည့် အဝရမယ်ဆိုရင် ပေးသွားဖို့ အဆင်သင့် ရှိပါတယ်''ဟု ၄င်းက ဆက်ပြော သည်။
Red Link ကုမ္ပဏီအနေဖြင့် လက်ရှိတွင် နိုင်ငံတော်အစိုးရအဖွဲ့ အစည်းမှ တင်ဒါခေါ်ယူထား သည့် အော်ပရေတာ နှစ်ခုတွင် ရွေးချယ်ခံရန် လျှောက် လွှာတင်ထားလျက်ရှိ ပြီး တင်ဒါရွေးချယ်ရေး အဖွဲ့၏ ဆုံးဖြတ်ချက် ကို စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။
တင်ဒါခေါ်ယူထားသည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုသည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းပိုင် မြန်မာတယ်လီကွန်း၊ ရတနာပုံတယ်လီပို့ပိုင် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုနှင့် ဖုန်းနှင့် အင်တာနက်လုပ်ငန်းများကို ယှဉ်ပြိုင်ဝန်ဆောင်မှုပေးသွားရမည
မိုဘိုင်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများအား အခမဲ့ ပေးမည့် Red Link ကုမ္ပဏီသည် ၂ဝဝ၈ ခုနှစ်မှ စ၍ Wimax အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း ကို လက်ရှိ အချိန်အထိ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
Popular Myanmar News
No comments:
Post a Comment