နိုင်ငံရေးပါတီများကို အစိုးရမှထောက်ပံ့ပေးသည့်စနစ်ကျင့်သုံးရန်တင်ပြမည်
Monday ,April22 ,2013
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်များ၏
အလှူငွေများလက်ခံခြင်းမှာမြန်မာနိုင်ငံ၏ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၄၀၇ (ဂ) အရ မညီညွှတ်သဖြင့် ပါတီရပ်စဲခံရသည် အထိအရေးယူ
ဆောင် ရွက်နိုင်ကြောင်းသိရသည်။ နိုင်ငံရေးပါတီများ အပေါ်တွင်
စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်ပအဖွဲ့အစည်းများ၏ သြဇာလွှမ်းမိုးမှု မရှိစေရန်
အတွက်နိုင်ငံတော်အစိုးရမှ သီးသန့်ရန်ပုံငွေ သတ်မှတ်ပြီး
နိုင်ငံရေးပါတီ များကိုထောက် ပံ့ပေး ရန် ဧပြီလ ၂၆ ရက်နေ့တွင်ရွေးကောက်ပွဲ
ကော်မရှင်နှင့်တွေ့ဆုံဆွေးနွေး ပွဲတွင်တင်ပြသွားမည် ဖြစ်ကြောင်း
ဒီမိုကရက်တစ်ပါတီ ဥက္ကဌ (မြန်မာ) ဦးသုဝေမှ ပြောကြားသည်။
နိုင်ငံရေးပါတီငယ်များ ရေရှည်ရပ်တည်နိုင်ရန် အလို့ငှာ
နိုင်ငံတကာအစိုးရများကဲ့သို့ဒီမိုကရေစီရှင်သန်ရေးရန်ပုံငွေ သတ်မှတ်ပြီးထောက်ပံ့ပေး သင့်ကြောင်းကို
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောမှ
အကြံပြုပြောကြားခဲ့သည်။
ထိုသို့အစိုးရမှ နိုင်ငံရေးပါတီများသို့
ထောက်ပံ့ကြေးပေးအပ်သောစနစ်မှာ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊
ဂျပန်၊ ကနေဒါ၊ဂျာမနီနှင့် သြစတြေးလျ နိုင်ငံတို့တွင်
လက်ရှိကျင့်သုံးလျှက်ရှိကြောင်း သိရသည်။
No comments:
Post a Comment