အီရန် နိုင်ငံမှ သုတေသန ပညာရှင် များသည် ပြည်တွင်းဖြစ် အဆင့်မြင့် Haavin-2 ဆိုလာ စွမ်းအင်သုံး
ကားနှင့် စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်ရာတွင် အသုံး ပြုနိုင်သော
ပြည်တွင်း လုပ် မောင်းသူမဲ့ လေယာဉ် သစ် (UAV) တစ်စင်းကို ထုတ်လုပ်ခဲ့ကြောင်း
သိရသည်။
Afar အမည်ရှိ အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို အစ္စလာမ်မစ် အာဇက်ဒ် တက္ကသိုလ် Qazvin ဌာနခွဲမှ နည်းပညာ ရှင်များက ထုတ်လုပ်ခဲ့ပြီး လေယာဉ် တောင်ပံသည် သုံးမီတာ(၁ဝ ပေ ခန့်) ရှိ၍ လေယာဉ်ကိုယ်ထည် အလျားသည် ၁ ဒသမ ၅ မီတာ ရှိကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် ပျံသန်းနေစဉ် ဓာတ်ပုံရိုက်ခြင်း များကို လုပ်ဆောင်နိုင်ပြီး ဘူမိ ရူပဗေဒ လေ့လာမှု ဆိုင်ရာများကို လုပ်ဆောင် ရာတွင်လည်း အသုံး ပြုနိုင်သည့် အပြင် ပစ်မှတ်များ၏ မြေမျက်နှာ သွင်ပြင်ဆိုင်ရာ မြေပုံ များကိုလည်း ရယူနိုင်စွမ်း ရှိကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် မြေမျက်နှာပြင် အထက် မီတာ ၁၅ဝဝ အထိ ပျံသန်းနိုင်ပြီး ခရီး အကွာအဝေး ကီလိုမီတာ ၄ဝဝဝ (၂၄၈၆ မိုင်) အထိ ပျံသန်းနိုင်စွမ်း ရှိသည်။
အလားတူ Haavin-2 ဆိုလာ စွမ်းအင်သုံး ကားသည် နေရာင်ခြည် စွမ်းအင်မှ လျှပ်စစ် စွမ်းအင်သို့ ပြောင်းလဲ ပေးနိုင်သော photovoltaic ဆဲလ်များကို အသုံးပြု၍ မော်တာ နှစ်လုံးဖြင့် လည်ပတ် မောင်းနှင်ကြောင်း သိရသည်။
Haavin-2 ကားသည် ပျမ်းမျှ အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၉ဝ (၅၅မိုင်) အထိ သွားနိုင်ပြီး အမြန်ဆုံး နှုန်းအဖြစ် ကီလိုမီတာ ၁၂ဝ (၇၅ မိုင်) အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
http://bit.ly/Y89YfP

No comments:
Post a Comment