Monday, February 4, 2013

ပြည်သူ့လွှတ်တော် မေး ဖြေ ခန်း

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ် များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း-

(က) ဦးစိုးပိုင်၊ ဝန်းသို မဲဆန္ဒနယ်၏ အခွန်ပေးဆောင်မှု လျော့နည်းသည့် သတ္တုလုပ်ကွက်များအဖြစ် ရွှေ (သို့မဟုတ်) တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် နှင့် ယခင်ကဲ့သို့ လက်လုပ်လက်စား ရွှေတူးဖော် ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

(ခ) ဦးသိန်းလွင်၊ ချောက် မဲဆန္ဒနယ်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ ၃ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဂ) ဦးခင်မောင်သီ၊ လွိုင်လင် မဲဆန္ဒနယ်၏ မိုင်းပွန်ဒေသတွင် GSM မိုဘိုင်းဖုန်း တပ်ဆင် အသုံးပြုခွင့် ရရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးကျော်စိုးလေး၊ မိုးညှင်း မဲဆန္ဒနယ်(ကိုယ်စား)ဦးကျော်နိုင်ဌေး၊ အင်းတော် မဲဆန္ဒနယ်၏ မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ၌ CDMA နှင့် GSM မိုဘိုင်းဖုန်းများဆက်သွယ် အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

(င) ဦးဝင်းမြင့်၊ မြင်းခြံ မဲဆန္ဒနယ်၏ မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် အထူးလိုအပ်လျက်ရှိသော လူနာတင် မော်တော်ယာဉ်တစ်စီး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(စ) ဦးအေး၊ ဟုမ္မလင်း မဲဆန္ဒနယ်၏ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြ ကျေးရွာ တိုက်နယ်ဆေးရုံ တိုးမြှင့်ဖွင့်လှစ်ပေးရန်နှင့် ကောယားစံပြ ကျေးရွာ၊ မြင်သာစံပြကျေးရွာတို့အား ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော “သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်း ထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ အတည်ပြုရန် ပြည်သူ့လွှတ်တော် ၏ အဆုံးအဖြတ်ရယူခြင်း။

Credit to : Pyithu Hluttaw - ပြည်သူ့လွှတ်တော်
https://www.facebook.com/excellencemedia

No comments:

Post a Comment