Saturday, February 02, 2013
ဇန်နဝါရီ ၃ဝ ရက်က ဂျပန်နိုင်ငံ အစိုးရ၏ အသေးစား စီမံကိန်းများထောက်ပံ့ရေး အစီအစဉ်ဖြင့် ကျောင်းဆောင် အသစ် များဆောက်လုပ်နိုင်ရေးအမေရိကန် ဒေါ်လာ ၄၇၉၂၇၆ ထောက်ပံ့ ပေးအပ် ရန် ဆုံးဖြတ်ခဲ့ပြီးမြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Mikio NUMATA နှင့် သက်ဆိုင်ရာ ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ များက သဘောတူ စာချုပ်များ လက်မှတ် ရေးထိုး ခဲ့ကြသည်။
လူသားချင်း စာနာ ထောက်ထားမှု အထောက်အပံ့ အဖြစ်ပေးအပ်ခဲ့သည့် ကျောင်းများမှာ ကယား ပြည်နယ် လွိုင်ကော်မြို့နယ်နွားလဝိုး ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ မန္တလေးတိုင်း ဒေသကြီး
မြင်းခြံမြို့ နယ် မိုးကောင်း ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်း
ကျောင်းနှင့် တိုက်ကျောင်း ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းကျောင်း၊
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာ အခြေခံပညာ မူလတန်း
လွန်ကျောင်းနှင့် မော်လမြိုင်မြို့နယ် ဓမ္မသုခ ဘုန်းတော်ကြီးသင် ပညာရေး
မူလတန်း ကျောင်းတို့ဖြစ်ပြီး ဤအထောက် အပံ့များသည် ၄င်းကျောင်းများရှိ
ကျောင်းသား၊ ကျောင်းသူများ အတွက် ကောင်းမွန်သည့် ပညာ သင်ကြားမှု အခြေ
အနေများကိုဖြစ်ပေါ်စေသည့် အပြင် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမို တိုးတက် ခိုင်မာလာစေမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment