အမေရိကန် စစ်ဘက်သည် အလွန် အားကောင်းသည့် ပုံရိပ်ဖမ်းယူစနစ် ပါဝင်သော မောင်းသူ မဲ့ ထောက် လှမ်းရေး လေယာဉ်များကို အသုံးပြုနေကြောင်း သိရှိရသည်။ ARGUS-IS အမျိုးအစား လေယာဉ်သည် အမြင့် ပေပေါင်း (၁၇၅၀၀)တွင် ပျံဝဲနေရင်း မြေပြင်ပေါ်တွင် လူတစ်ဦး ကိုင်ဆောင်ထားသည့် ဖုန်းကို မည်သည့် အမျိုးအစားဖြစ်ကြောင်း ထောက်လှမ်းနိုင်သည်။
၎င်းတွင် တပ်ဆင်ထားသော ကင်မရာ၏ ချဲ့အားမှာ အလွန်ကောင်းမွန်သဖြင့် မြေပေါ်ရှိ (၆)လက်အရွယ် ပစ္စည်းတစ်ခုကို တိတိကျကျ အမျိုးအစားခွဲ သိရှိနိုင်ကြောင်း သိရသည်။

No comments:
Post a Comment