ဆောင်းပါ – ကိုခန့်
မြန်မာ အစိုးရမှ ရိုဟင်ဂျာများအား တဖက်နိုင်ငံမှ ခိုးဝင်လာသူများ “ဘင်္ဂါလီများ” ဟုစွပ်စွဲ ပြောဆိုမှုမှာ တဖက်သက် အခြေအမြစ်မဲ့ မှားယွင်းစွာ စွပ်စွဲပြောဆိုမှုသာ ဖြစ်ကြောင်း ၁၉၉၆ခုနှစ်နှင့် ၂၀၀၆ခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးဖြစ်သော Jose Ramos-Horta နှင့် Muhammed Yunus တို့က ပြောကြားလိုက်သည်။
Jose-Ramos-Horta-and-Muhammed-
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးဖြစ်သော Jose Ramos-Horta (၀ဲ) နှင့် Muhammed Yunus (ယာ) ရိုဟင်ဂျာလူမျိုးဆိုတာ လွန်ခဲ့သော ၈ ရာစုကတည်းက မြန်မာနိုင်ငံမှာ ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား သက်သေတွေ ရှိပါတယ် လို့ “Huffington Post” တွင်ဖော်ပြထားသော ဆောင်းပါး “Rohingya: Testing Democracy in Myanmar” မှာ ဖော်ပြထားသည်။
မွတ်စလင်မ် လူ့အဖွဲ့အစည်းဟာ လွန်ခဲ့သော ၁၅ ရာစုနှစ်တွေကတည်းက ရခိုင်ဒေသမှာ အခြေချနေထိုင် တည်ရှိခဲ့တာဟာ ဘယ်လိုမှ ငြင်းကွယ်လို့မရပါဘူ။ ဒီအပြင် “ဘင်္ဂါလီများ” ဟာလည်း ကိုလိုနီခေတ်တွင် ရွှေ့ပြောင်း အခြေချခဲ့တာတွေလည်းရှိခဲ့တယ် လို့ ပြောကြားကြောင် ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ လပိုင်းများက လူနည်းစု ရိုဟင်ဂျာ မွတ်စလင်မ် တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း သိန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရမှုတွေမှာ လုံခြုံရေး အဖွဲ့နှင့် အာဏာပိုင်အချို့ ပါဝင် ကျူးလွန်ခြင်း၊ ကြံရာပါခြင်း နှင့် အကြမ်းဖက်သူများဖက်က အာကာအကွယ်တွေ ပေးခဲ့ကြတာတွေ အထောက်အထားတွေအရ သိရှိကြားသိရတယ် ဟုလည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးကဆိုပါတယ်။
နိုဘယ်ဆုရှင် Ramos-Horta နှင့် Yunus က ၁၉၈၂ နိုင်ငံသားဥပဒေရဲ့ ရိုဟင်ဂျာလူမျိုးများ အပေါ် နိုင်ငံသာ ဖြစ်တည်မှုအားငြမ်းပယ်မှု၊ မတရားဖိနိုပ်မှုတွေ ဖြစ်တဲ့ ခရီးသွာလာမှု ပိတ်ပင်ခြင်း၊ အိမ်ထောင်ပြုမှုအားချုပ်ချယ်ခြင်
အခြားနိုဘယ်ဆုရှင်များက ရိုဟင်ဂျာနှင့် ပတ်သက်၍ ပြောဆိုနေပေမဲ့ မြန်မာနိုင်ငံ မှ နိုဘယ်ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ကတော့ ရိုဟင်ဂျာလူမျိုးများအရေးနှင့် ပတ်သက်၍ မျက်နှာလွဲ အသံတိတ်နေစဲပါ။
မြန်မာ အစိုးရပိုင် သတင်းစာများမှာ ဖော်ပြချက်အရ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ကျော်ကျော်ဝင်းမှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ နေပြည်တော် လွှတ်တော်တွင် ပြောကြားခဲ့ကြောင် သိရှိရပါတယ်။
No comments:
Post a Comment