|
အိန္ဒိယ ပါလီမန် အဆောက်အဦးအား ၂၀၀၁
ခုနှစ်အတွင်း ဗုံးဖောက်ခွဲမှုတွင် ပါဝင်ခဲ့သူ ကက်ရှ်မီးယား ခွဲထွက်ရေးသမား
တစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ကြိုးပေးကွပ်မျက်လိုက်ကြောင်း သိရသည်။
သစ်သီးကုန်သည် တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ
မိုဟာမက်အဇယ်ဂုရု၏ အယူခံဝင်မှုကို သမ္မတ ပရာနက်မူခါဂျီ ပယ်ချပြီးနောက် ၎င်းအား
နယူးဒေလီမြို့ရှိ တီဟာအကျဉ်းထောင်တွင် ကွပ်မျက်လိုက်ခြင်းဖြစ် ရာ
ဆယ်စုနှစ်တစ်ခု နီးပါးအတွင်း ဒုတိယအကြိမ်မြောက် ယင်းကဲ့သို့
ပြစ်ဒဏ် စီရင်ခံ ရသူ တစ်ဦးဖြစ်လာခဲ့သည်။
သေဒဏ်စီရင်မှုကို အိန္ဒိယအဓိက အတိုက်အခံ
ပါတီက ကြိုဆိုခဲ့သော်လည်း မိုဟာမက်အဇယ်ဂုရုနှင့် အတူစွပ်စွဲခံခဲ့ရပြီး
နောက်ပိုင်းတွင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရခဲ့သူ တစ်ဦးနှင့် နယူးယောက်
အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့က ရက်စက်သည့် ပြစ်ဒဏ်အဖြစ်
ဝေဖန်ပြောကြားခဲ့ကြသည်။
“မိုဟာမက်အဇယ်ဂုရုကို မနက် ၈ နာရီမှာ
ကြိုးပေးကွပ်မျက်လိုက်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး စူရှေးကုမာက
သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်း၏အလောင်းကိုလည်း အကျဉ်းထောင်
ပုရ၀ုဏ်အတွင်း မြှပ်နှံလိုက်ပြီးဖြစ်ကြောင်း Press Trust of India
သတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက အိန္ဒိယ
ပါလီမန်အား ဗုံးဖောက်ခွဲရာတွင် ပူးပေါင်းကြံစည်မှု၊ စစ်သွေးကြွများအား
အဆိုပါ တိုက်ခိုက်မှုအတွက် စီစဉ်ပေးမှုတို့ဖြင့် အပြစ်ရှိကြောင်း
တွေ့ရှိခဲ့သဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မိုဟာမက်အဇယ်ဂုရုသည် အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသမှ ဂျာအစ်ရှ်မိုဟာမက်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။
၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့
နယူးဒေလီမြို့၊ ပါလီမန် အဆောက်အဦ တိုက်ခိုက်မှုတွင် ရဲရှစ်ဦး၊
ဥယျာဉ်မှူးတစ်ဦးနှင့် ဂျာနယ်လစ်တစ်ဦးတို့ သေဆုံးခဲ့ပြီး
လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွများလည်း
သေဆုံးခဲ့သည်။
အဆိုပါ စစ်သွေးကြွများ၏ နောက်ကွယ်တွင်
ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ ရှိနေကြောင်း အိန္ဒိယက ပြောကြားခဲ့ပြီး
နှစ်နိုင်ငံ နယ်စပ်တွင် တပ်ဖွဲ့ဝင်တစ်သန်းခန့်ကို ၈ လကြာအောင်
တပ်စွဲထားခဲ့ကြသည်။
အိန္ဒိယ အဓိက အတိုက်အခံပါ
တီဘာရာတီယာဂျနာတာပါတီက ယခုပြစ်ဒဏ်စီရင်မှုကြောင့် အိန္ဒိယနိုင်ငံ သည်
အကြမ်းဖက်မှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေကြောင်း ကမ္ဘာက မြင်လာမည် ဟု
ပြောကြားခဲ့ သည်။
Ref:AFP
|
Monday, February 11, 2013
အိန္ဒိယ ပါလီမန်အား ဗုံးဖောက်ခွဲမှုတွင် ပါဝင်ခဲ့သူ တစ်ဦးကို ကြိုးပေးကွပ်မျက်
Labels:
ကမ္ဘာ့သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment