Thursday, February 28, 2013

"ပြည်သူ့ငွေဖြင့် ခန့်ထားသည့်ဆရာများအား ထောက်ပံ့ငွေချီးမြှင့်ရန် သူရဦးရွှေမန်း တိုက်တွန်း"

ပြည်သူ့ငွေကြေးဖြင့် ခန့်ထားသည့် ဆရာ၊ ဆရာမများကို စိစစ်ကာ ထောက်ပံ့မှုနှင့် ချီးမြှင့်ငွေကို လာမည့်ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ကြောင်း သိရသည်။

မသင်မနေရ မူလတန်းပညာ ရေး စနစ်ကျင့်သုံးရန် ဦးတည်နေချိန်တွင် နိုင်ငံရှိ ကိုယ့်အားကိုယ်ကိုး ကျောင်းများ၊ ကိုယ်ထူကိုယ်ထ ကျောင်းများ၊ ဘုန်းတော်ကြီးစာသင် ကျောင်းများ၊ တွဲဖက်ကျောင်း၊ မူလွန်ကျောင်း များ၌ ပြည်သူ့ငွေကြေး ဖြင့်ခန့်ထားသော ဆရာ၊ ဆရာမများ အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့မှုနှင့် ချီးမြှင့်ငွေပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ”ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် ဖြင့်လည်းကောင်း၊ အ ခြားသင့်တော်ရာ နည်းလမ်းတစ်ခုခု ဖြင့်လည်းကောင်း၊ အလျင်အမြန် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”ဟု သူရ ဦးရွှေမန်းက ယခုလ ၂၅ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။

လက်ရှိနိုင်ငံတွင် ကိုယ့်အားကိုယ်ကိုး ရပ်တည်နေရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းပေါင်း ၁၅ဝဝ ကျော်တို့၌ ကျောင်းသား၊ ကျောင်းသူနှစ်သိန်းကျော် ပညာသင် ကြားလျက်ရှိသည်။ မန္တလေးရှိ ဖောင်တော် ကြီး အထက်တန်းကျောင်း၏ အကယ် ဒမစ်ဒါရိုက်တာဦးထေရိန္ဒက ”ဒကာ၊ ဒကာမတွေရဲ့ထောက်ပံ့မှုနဲ့ ရပ်တည် နေရတဲ့ ဘုန်းတော်ကြီးသင် စာသင် ကျောင်း၊ ဒီကျောင်းတွေရဲ့ သင်ကြား မှု တာဝန်ယူနေရတဲ့ ဆရာ၊ ဆရာမ တွေ၊ အဲဒီပုဂ္ဂိုလ်တွေရဲ့ လစဉ်လစာ ချီးမြှင့်ရမှုအပေါ်မှာ အများစုက အခက်အခဲရှိကြပါတယ်။

ထောက်ပံ့ ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု မိန့်သည်။ ရပ်ရွာအခြေပြု လူထု၏ ငွေကြေးဖြင့် ခန့်အပ်ထားမှုတွင် တစ် လလျှင် ငွေကျပ်အများဆုံး ကျပ်လေးသောင်းခန့် သာပေးနိုင်၍ စားဝတ်နေရေး ကိစ္စရပ်အပေါ် ထိုငွေမှာ မလုံလောက်ဟု ပဲခူးမြို့ အမှတ် ၁၃ဘုရားကလေးစံပြ ကျေးရွာမှ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဦးဇဝနထံမှ သိရသည်။

No comments:

Post a Comment