ကိုယ်ဝန်ဆောင်ကာလမှာ ငါးဟင်းစားတဲ့ပမာဏဟာ မိမိမွေးလာတဲ့ကလေးတွေမှာ
အာရုံစူးစိုက်မှုချို့ တဲ့ရောဂါ Attention Deficit/Hyperactivity (ADHD)အတွက်
သက်ရောက်မှုရှိပါတယ်။ တစ်ပတ်မှာ ငါးဟင်းနှစ်ကြိမ်စားတာဟာ ADHDဖြစ်နိုင်ခြေ
၆၀ရာခိုင်နှုန်း လျော့နည်းတာနဲ့ ဆက်စပ်မှု ရှိကြောင့် ဘော့စတွန် တက္ကသိုလ်မှ
သုတေသီတွေက ဆိုပါတယ်။
ဒါပေမဲ့ ငါးဟင်းအမျိုးအစားက အရေးကြီးပါတယ်။
တူနာအစရှိတဲ့ ပင်လယ်ငါးကြီးတွေမှာ ပြဒါးမြင့်မားစွာ ပါဝင်တာကြောင့်
ADHDရဲ့ ရောဂါ လက္ခဏာတွေ ဖြစ်နိုင်ခြေ များပါတယ်။
ဒါကြောင့်ပြဒါးမပါဝင်နိုင်တဲ့ ဆယ်လ်မွန်လိုမျိုး ရေချိုငါးတွေကို စားပေးပါ။
သုတေသနပြုသူတွေက မိခင်ရဲ့ဆံပင် တစ်ဂရမ်မှာပြဒါး တစ်မိုက်ခရိုဂရမ်
ပါဝင်တာဟာ တခြားအမျိုးသမီးတွေမှာ ပြဒါးပါဝင်တာရဲ့ ပျမ်းမျှအဆင့်ထက်
ရှစ်ဆပိုများပြီး မွေးလာတဲ့ ကလေးတွေမှာ ADHDဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း
မြင့်မားတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မိခင်ရဲ့ဆံပင် တစ်ဂရမ်မှာ
ပြဒါးတစ်မိုက်ခရိုဂရမ်ထက် နည်းပြီး ပါဝင်ပါမူADHDနဲ့ ဆက်စပ်မှုမရှိဘူးလို့
သိရပါတယ်။
Health
ကိုယ်ဝန်ဆောင်ကာလမှာ ငါးဟင်းစားတဲ့ပမာဏဟာ မိမိမွေးလာတဲ့ကလေးတွေမှာ
အာရုံစူးစိုက်မှုချို့ တဲ့ရောဂါ Attention Deficit/Hyperactivity (ADHD)အတွက်
သက်ရောက်မှုရှိပါတယ်။ တစ်ပတ်မှာ ငါးဟင်းနှစ်ကြိမ်စားတာဟာ ADHDဖြစ်နိုင်ခြေ
၆၀ရာခိုင်နှုန်း လျော့နည်းတာနဲ့ ဆက်စပ်မှု ရှိကြောင့် ဘော့စတွန် တက္ကသိုလ်မှ
သုတေသီတွေက ဆိုပါတယ်။
ဒါပေမဲ့ ငါးဟင်းအမျိုးအစားက အရေးကြီးပါတယ်။
တူနာအစရှိတဲ့ ပင်လယ်ငါးကြီးတွေမှာ ပြဒါးမြင့်မားစွာ ပါဝင်တာကြောင့် ADHDရဲ့ ရောဂါ လက္ခဏာတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့်ပြဒါးမပါဝင်နိုင်တဲ့ ဆယ်လ်မွန်လိုမျိုး ရေချိုငါးတွေကို စားပေးပါ။ သုတေသနပြုသူတွေက မိခင်ရဲ့ဆံပင် တစ်ဂရမ်မှာပြဒါး တစ်မိုက်ခရိုဂရမ် ပါဝင်တာဟာ တခြားအမျိုးသမီးတွေမှာ ပြဒါးပါဝင်တာရဲ့ ပျမ်းမျှအဆင့်ထက် ရှစ်ဆပိုများပြီး မွေးလာတဲ့ ကလေးတွေမှာ ADHDဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း မြင့်မားတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မိခင်ရဲ့ဆံပင် တစ်ဂရမ်မှာ ပြဒါးတစ်မိုက်ခရိုဂရမ်ထက် နည်းပြီး ပါဝင်ပါမူADHDနဲ့ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။

No comments:
Post a Comment