ရန်ကုန်၊ဖေဖော်ဝါရီ-၁၀
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာနိုင်ငံရှိ
မိသားစုများထံသို့ ပြန်ပို့ငွေစုစုပေါင်း မှာ တစ်နှစ်လျှင်
ဒေါ်လာသန်းတစ်ထောင်ကျော် ငွေလွှဲပေး ပို့ကြကြောင်း ထိုင်းနိုင်ငံ
ချူလာလောင်ကွန်း တက္ကသိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတစ်စောင်တွင်
ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း၏ ထက်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေ ကျပ်တစ်သိန်းခွဲမှ
သုံးသိန်းအတွင်း ရရှိကြသည်။ ထို့အပြင်အလုပ်သမားများ၏ ၃၀
ရာခိုင်နှုန်းခန့်မှာ ကျပ်သုံးသိန်းကျော်ရရှိပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ
ကျပ်တစ်သိန်းခွဲအောက် လုပ်ခလစာရရှိကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း နှစ်သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ တက်ဖို့ဖရားခရိုင်၊ စမူစခွန်ခရိုင်နှင့် ဘန်ကောက်တို့တွင် အများဆုံးနေထိုင်ကြသည်။
သုတေသနစာတမ်း၏ တွက်ချက်မှုမှာ တရားဝင်စာရင်းရှိသော အလုပ်သမားများအပေါ်တွင်သာ စစ်တမ်းကောက် ယူထားခြင်းဖြစ်ပြီး
တရားမ၀င် အလုပ်သမားအရေအတွက်ပါ တွက်ချက်ပါက နှစ်စဉ်ငွေ လွှဲဖြင့်
ပေးပို့ငွေပမာဏမှာ ယခုထက် များစွာပို့နိုင်သည်ဟု အာရှလေ့လာရေးဌာနမှ
သုတေသနမှူး ပရမ်ဂျိုင်းဝမ်ဆီရိပန်ဆမ်က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ရှိလာသောကြောင့် အချို့သော မြန်မာရွှေ့ပြောင်းလုပ်သားများသည်
နောင်လာမည့် လေး၊ ငါးနှစ်အတွင်း မိခင်နိုင်ငံ သို့
ပြန်၍လုပ်ကိုင်ကြလိမ့်မည်ဟု ထိုင်းနိုင်ငံ သုတေသနဖွံ့ဖြိုးရေးတက္ကသိုလ်မှ
အလုပ်သမားရေးရာ ကျွမ်းကျင်သူ YongyuthChalemwong က ထိုင်းသတင်းစာတစ်စောင်အား
ပြောကြားခဲ့သည်။
“ထိုင်းစက်ရုံတွေ ရောက်တဲ့အခါ အလုပ်သင်၊ ပညာသင်ရင်း နိုင်ငံခြားငွေရှာသူတွေလို့ သဘောထားကြပါ။ တစ်ချိန် မိမိတို့နိုင်ငံမှာ ထူထောင်မည့် စက်မှုဇုန်တွေမှာ ကျွမ်းကျင်သူတွေ၊ ဆရာတွေအဖြစ်နဲ့ လုပ်ဆောင်စေ ချင်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှ င့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“သုံးလကို ငါးသိန်းလောက် အိမ်ကို သမီးကငွေလွှဲတယ်။ ဟိုမှာ အဆင်ပြေတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာပဲ ဒီလောက်ရရင် ဟိုကိုသွားမလုပ်ခိုင်းဘူး”ဟု လှိုင်သာယာမြို့နေ အမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတွင် သွားရောက်လုပ်ကိုင်နေသော သူမ၏သမီးနှင့်ပတ်သက်၍ ပြောသည်။
သို့သော် ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်၊ သက်သေခံလက်မှတ်မရှိလျှင် ရဲဖမ်းမည်ကို စိုးရိမ်စရာ များ ရှိနေပြီး မြန်မာများလုပ်ကိုင်သော စက်ရုံများအား မကြာခဏ ၀င်ရောက်ဖမ်းဆီးမှုများလည်း ရှိနေ၍ လုံခြုံမှုမရှိဟု ခံစားရကြောင်း ထိုင်းနိုင်ငံတွင် သုံးနှစ်ကျော် သွားရောက်လုပ်ကိုင်ခဲ့သူ ကိုအောင်ကျော် ကပြောသည်။
၂၀၀၉ ခုနှစ်မှစတင်၍ ယခုအချိန်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ဆယ့်နှစ်သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး အထောက်အထားမဲ့လုပ်သား ရှစ်သိန်းမှ တစ်သန်းအထိ ကျန်ရှိနေသေးသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ်တွင် တွေ့ဆုံစဉ် အထောက်အထားမဲ့ မြန်မာလုပ်သား တစ်သန်းနီးပါးအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို သုံးလသက်တမ်း တိုးမြှင့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က နှုတ်ကတိပြုခဲ့သည်။
Aye Chan Mon Re-post Date : 2013 Feb 13
News from:7Day News Journal
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း၏ ထက်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေ ကျပ်တစ်သိန်းခွဲမ
မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း နှစ်သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ တက်ဖို့ဖရားခရိုင်၊ စမူစခွန်ခရိုင်နှင့် ဘန်ကောက်တို့တွင် အများဆုံးနေထိုင်ကြသည်။
သုတေသနစာတမ်း၏ တွက်ချက်မှုမှာ တရားဝင်စာရင်းရှိသော အလုပ်သမားများအပေါ်တွင်သာ စစ်တမ်းကောက် ယူထားခြင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
“ထိုင်းစက်ရုံတွေ ရောက်တဲ့အခါ အလုပ်သင်၊ ပညာသင်ရင်း နိုင်ငံခြားငွေရှာသူတွေလို့ သဘောထားကြပါ။ တစ်ချိန် မိမိတို့နိုင်ငံမှာ ထူထောင်မည့် စက်မှုဇုန်တွေမှာ ကျွမ်းကျင်သူတွေ၊ ဆရာတွေအဖြစ်နဲ့ လုပ်ဆောင်စေ ချင်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှ
“သုံးလကို ငါးသိန်းလောက် အိမ်ကို သမီးကငွေလွှဲတယ်။ ဟိုမှာ အဆင်ပြေတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာပဲ ဒီလောက်ရရင် ဟိုကိုသွားမလုပ်ခိုင်းဘူး”ဟု လှိုင်သာယာမြို့နေ အမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတွင် သွားရောက်လုပ်ကိုင်နေသော သူမ၏သမီးနှင့်ပတ်သက်၍ ပြောသည်။
သို့သော် ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်၊ သက်သေခံလက်မှတ်မရှိလျှင် ရဲဖမ်းမည်ကို စိုးရိမ်စရာ များ ရှိနေပြီး မြန်မာများလုပ်ကိုင်သော စက်ရုံများအား မကြာခဏ ၀င်ရောက်ဖမ်းဆီးမှုများလည်း ရှိနေ၍ လုံခြုံမှုမရှိဟု ခံစားရကြောင်း ထိုင်းနိုင်ငံတွင် သုံးနှစ်ကျော် သွားရောက်လုပ်ကိုင်ခဲ့သူ ကိုအောင်ကျော် ကပြောသည်။
၂၀၀၉ ခုနှစ်မှစတင်၍ ယခုအချိန်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ဆယ့်နှစ်သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး အထောက်အထားမဲ့လုပ်သား ရှစ်သိန်းမှ တစ်သန်းအထိ ကျန်ရှိနေသေးသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ်တွင် တွေ့ဆုံစဉ် အထောက်အထားမဲ့ မြန်မာလုပ်သား တစ်သန်းနီးပါးအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို သုံးလသက်တမ်း တိုးမြှင့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က နှုတ်ကတိပြုခဲ့သည်။
Aye Chan Mon Re-post Date : 2013 Feb 13
News from:7Day News Journal
No comments:
Post a Comment