သာလွန်ဇောင်းထက်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
"ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆောင်းပါးဖြင့် လွှတ်တော်ကို
ဝေဖန်ရေး သားခဲ့သော ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်ရန် ကော်မရှင်
ဖွဲ့စည်းဆောင်ရွက်မှုအပေါ် စိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တနားက ပြော ဆိုလိုက်သည်။
နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ စုံစမ်းမှု အပေါ် စိုးရိမ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး
ဒီမိုကရေစီတွင် ဝေဖန်မှုများကို လက်ခံရန် လိုအပ်ကြောင်း၊ အထူးသဖြင့်
ပြည်သူရေးရာကိစ္စများတွင် ဝေဖန်မှုများကို လက်ခံသင့်သည်ဟု မစ္စတာကင်တာနားက
ပြောသည်။
မစ္စတာကင်တာနားက မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာသော မီဒီယာလွတ်လပ်ခွင့်အပေါ် ကြိုဆိုလိုက်ပြီး ရုပ်သံဥပဒေတရပ်ပေါ်ထွန်းရေးကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသွားသည်။
by: ဧရာဝတီ
No comments:
Post a Comment