ဖေဖော်ဝါရီ ၁၈ ၂၀၁၃
M-Media
နေသစ်ထွန်း
လက်တလောဖြစ်ပွားခဲ့သည့် သာကေတ အစ္စလာမ် ဘာသာရေး ကျောင်း ဖျက်စီးခံရမှုအပါ အ၀င် နိုင်ငံနှင့်အ၀ှမ်း တွင်ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်နေကြသည်။
ဘာသာရေး အကြောင်းပြချက်ဖြင့် ပဋိက္ခဖန်တီးနေမှုများကို တားဆီးနိုင်သည့် ဥပဒေများ ပြဌာန်းပေး ရန်လိုအပ်ကြောင်း မြန်မာ မွတ်စလင် တရားလွတ်တော်ရှေ့နေတစ်ဦးမှ ပြောပါသည်။
“မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ဧရာဝတီတိုင်းတွေ မှာ မွတ်စလင်ဆန့်ကျင်ရေးတွေ ထင်ထင်ရှားရှား ဖြစ်ပွား လာခဲ့တယ်။ လက်ရှိ အတည်ပြုကျင့်သုံးနေတဲ့ဖွဲ့စည်းပ
နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော ဥပဒေမဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား ထိရောက်စွာ အရေးယူခဲ့ခြင်း ၊ ပြည်သူ များထံ အဖြစ်မှန် တင်ပြခြင်း များ မရှိခဲ့သဖြင့် ယင်းလှုပ်ရှားမှုတွင်
နောက်ကွယ် ပယောဂများ ပါရှိဖွယ်ရှိကြောင်း မြန်မာမွတ်စလင် ပညာရှင် တစ်ဦးက သုံးသပ်သည်။
“သာကေတဖြစ်စဉ် က ကြီးမားတဲ့ ပဋိပက္ခတစ်ခုအတွက် အစပျိုးတာလို့ အချို့ က ယူဆကောင်းယူဆနိုင်တယ်။ ဒါပေ မယ့့်  ဒီလိုမျိုး ကျွန်တော် မတွေ့ရဘူး။ တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သာကေတကိစ္စမှာ အာဏာပိုင်တွေ ကိုယ်တိုင်ဘေးက ရပ်ကြည့် နေတယ် ဆိုတာသိရတယ်။ ဘာသာ ရေးအဆောက်အအုံကို ဥပဒေမဲ့ မင်းမဲစရိုက်ဆန်ဆန် ၀င်ရောက် ဖျက်စီးတဲ့ သူတွေကို ဥပဒေအရ ဖမ်းဆီးအရေးယူရမယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမှုတွေ မလုပ်ဘူး ဆိုရင်တော့ သာကေတ ဖြစ်စဉ်ကတော့ နောက်ကွယ်က ပယောဂပါနေတယ်လို့ ယူဆစရာရှိပါတယ်။ အာဏာပိုင် တွေ အနေနဲ့ ပြည် သူတွေ ထံ အဖြစ်မှန် ကိုရှင်းရှင်းလင်းလင်း တင်ပြပေးဖို့လိုအပ်ပါတယ် ” ဟု မောင်လာနာ ပသီကျော်ဦးက ပြောပါသည်။
ရခိုင်အရေးအခင်း အတန်ငယ်ငြိမ်သက်ခဲ့ပြီးနောက်ပို
“မောင်တောမြောက်ပိုင်း၊ မွန်ပြည်နယ် ဘက် ၊ ကရင်ပြည်နယ်ဘက် က ဖြစ်စဉ်တွေ က ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ တာတွေ့ရတယ်။ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ဒီလိုဖြစ်ရပ်တွေ ရပ်တန့်အောင် ဆောင်ရွက်မှု တွေနှောက် နှေးနေပါ တယ်။ ဒီလိုအချိန်မှာ မွတ်စလင်အရေး ၊ သာသနာ့အရေးအတွက် ရှေ့တန်းထွက် ဆောင်ရွက်သင့်ပါတယ်” ဟု ရိုဟင် ဂျာ အရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါသည်။
ဘာသာတရားများအကြား ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးသည် ဒီမိုကရေစီ ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်း တစ်ခုတွင် မရှိမဖြစ်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီ တန်ဖိုးနှင့် ဆန့်ကျင်သော ဘာသာတရားတစ်ခု၏ အဆောက်အအုံအား ဖျက်စီးခြင်းသည် လက်ခံဖွယ်ရာမရှိချေ။ ယင်းသို့သော မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူများ ထပ်မံမဖြစ်ပွားစေရန်ပြစ်မှုကျူး
“သာကတေ ကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါပဲ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဘာသာရေး အဆောက် အအုံကို ဖျက်ဆီးတာဟာ လက်မခံနိုင်ပါဘူး။ မွတ်စလင်တွေ အနေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ဘဲ၊ နိုင်ငံ တော်အစိုးရကို ဥပဒေ ကြောင်းအရ ဖြေရှင်းပေးဖို့ တောင်းဆိုရမယ်” ဟု ၅၉ လမ်း ကုရ်အာန် အသိပညာပြန့်ပွားရေး ကော်မတီမှ မွဖ်သီ ဦးစန်း အောင်မှ သုံးသပ်ပြောကြားသည်။
နေသစ်ထွန်း
http://www.m-mediagroup.com/
No comments:
Post a Comment