Dr. ခင်ဗျား။ ကျွန်တော် ဌေးလွင်ဦးက ရိုဟင်ဂျာ ကိစ္စ Debate လုပ်မယ် ကမ်းလှမ်းတာကို ဆရာ လက်ခံပါတယ်။ ကျွန်တော့်ဘက်က ရိုဟင်ဂျာ သည် မူလဘူတလူမျိုး တိုင်းရင်းသား ဟုတ်မဟုတ်၊ ရိုဟင်ဂျာသည် ကုလားဟုတ်မဟုတ်-၊ ရိုဟင်ဂျာသည် ကျေးကျွန် ဟုတ်မဟုတ် ရခိုင်ဒေသထဲကို ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ခေတ်များမှာ ဘင်္ဂလားဘက်က ၀င်ရောက် လာသူများသည် မွတ်ဆလင်များချည်း ဟုတ် မဟုတ် စသည်ဖြင့် ဆရာ့ဘက်က ခေါင်းစီး တစ်ခု ရွေးဘို့နဲ့ အချိန်၊ နေရာ ရွေးဘို့ (အကယ်၍ ဂျပန်အပါအ၀င် အာရှနိုင်ငံ တစ်ခုခုမှာ ဆိုရင် ကျွန်တော့ဘက်က ၂၀၁၃ မတ်လထဲမှာ အချိန်ပေးနိုင်ကြောင်း) အကြောင်းပြန် ထားခဲ့ပါတယ်။ Dr. ဆီက နောက်ထပ် အကြောင်း ပြန်စာ မလာလို့ Dr. ကို အခုတစ်ခါ သတိဖေါ်ပေးခြင်း ဖြစ်ပါတယ်။ ဆရာ့ဘက်ကလည်း အချိန်ရမယ့် ကာလကို ညှိယူနိုင်ပါတယ်။ ဆက်လက်ပြီး ကမ်းလှမ်းပါရစေ- မလေးရှား၊ စင်္ကပူ နိုင်ငံတွေမှာ Debate လုပ်နိုင်ရင် Dr. အတွက် လုံခြုံရေးက အစ တာဝန်ယူပေးပါ မယ်။ Dr. တစ်ဦးတည်း မလာလိုရင် Dr. အတွက် အကြံပေးနိုင်တဲ့ နောက်ထပ် ပုဂ္ဂိုလ် သမိုင်း ပညာရှင် နှစ်ဦးပါ ခေါ်ခဲ့နိုင်ပါတယ်။ လိုအပ်ရင် လမ်းစရိတ်ကအစ စပွန်စာ လုပ်ပါမယ်။ လုံခြုံရေး၊ နေထိုင်ရေး (ကိုယ့်အသိုင်းအ၀ိုင်းကိုယ် တည်းခိုချင်ရင်လည်း ခွင့်ပြု ပါတယ်။) မီဒီယာများ ဖိတ်ကြားရေး၊ ကမ္ဘာ့၊ မြန်မာ့ သမိုင်ပညာရှင်များ ဖိတ်ကြားရေး အားလုံးကို တာဝန်ယူပါတယ်။- ဂျပန်နိုင်ငံမှာ so-called ရိုဟင်ဂျာ ဆိုတဲ့ ခေါင်းစီးနဲ့ ရိုဟင် ဂျာဆိုတာ မရှိ၊ ဘင်္ဂလီများ၊ မူဂျာဟစ်များက ဖန်တီးခြင်း ဖြစ်တယ်လို့ သမိုင်းပညာရှင် တစ်ဦး အနေနဲ့ Dr. ကိုယ်တိုင် အခမ်းအနားတစ်ရပ် ကျင်းပ ပြောဆိုခဲ့မှု အတွက် မြန်မာ့ သမိုင်း၊ ရခိုင်သမိုင်း လောကမှာ Dr. ဟာ တာဝန်မကင်းသူ ဖြစ်နေပါတယ်။ ဒီကိစ္စကို Dr. ရဲ့ သက်တမ်းအတွင်းမှာ လူထုပရိတ်သပ်ရှေ့ အပြန်အလှန် ရှင်းလင်းသင့်ပါတယ်။ ပညာရှင် ပီပီ ရှင်းလင်း မယ်လို့လည်း ယုံကြည်ပါတယ်။
လေးစားလျှက်
ဦးဌေးလွင်ဦး
No comments:
Post a Comment