Civil Society များသည် နိုင်ငံတည်ဆောက်ရေး အင်အားများဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ထုတ်ဖော်ပြောကြား
ဒီနေရာမှာ အထူးပြောကြား လိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့
ဖွံ့ဖြိုးတိုးတက်မှုဟာ အခြားနိုင်ငံတွေကို အမီလိုက်နိုင်အောင်
နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး
တည်ဆောက်မှု လုပ်ငန်းတွေနဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွေမှာ
တခုပြီးမှ တခုလုပ်ဆောင် ဖို့ အခြေအနေမပေးတဲ့ အတွက် တပြိုင်နက်
ကြိုးပမ်းအကောင်အထည်ဖော် သွားရမယ်ဆိုတဲ့ စိန်ခေါ်မှုကြီး ရှိနေတယ်ဆိုတဲ့
အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း အနေနဲ့
ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ ယခုရရှိထားတဲ့ နိုင်ငံရေး
ပွင့်လင်းမှု၊ လွတ်လပ်မှုတို့ကို ကျင့်သုံးတဲ့အခါမှာ မိမိတို့
တဦးချင်းအနေနဲ့ သော်လည်းကောင်း၊ အဖွဲ့အစည်းအနေ နဲ့ သော်လည်းကောင်း အထက်ပါ
စိန်ခေါ်မှုတွေကို အစဉ်ထည့်သွင်း စဉ်းစားရန် လိုအပ်မှာ ဖြစ်ပါတယ်။
ဒီအချက်တွေကို ထည့်သွင်းစဉ်းစားတာ အားနည်းခဲ့ရင် ပွင့်လင်းလွတ်လပ်တဲ့
လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ကြိုးပမ်းနေတဲ့ ကျွန်တော်တို့ရဲ့
ကြိုးပမ်းမှုတွေမှာ ဟန်ချက်မညီဘဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ
ကြုံတွေ့နိုင်တဲ့ အနေထားရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအနေဖြင့်
အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုကို အစဉ်အလေးထား သွားမှာဖြစ်ပြီး
အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ရဲ့ ဥာဏ်အမြော်အမြင် ရှိတဲ့ လုပ်ဆောင်မှုတွေကိုလည်း
နိုင်ငံရေးတည်ငြိမ်မှုအတွက် အစဉ်မျှော်လင့်လျက် ရှိတယ်ဆိုတာကိုလည်း
အလေးအနက်ပြောကြားလိုပါတယ်။
ဒါကြောင့် မိမိအနေနဲ့ အရပ်ဖက်
လူ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေကို
နိုင်ငံ တည်ဆောက်ရေး အင်အားတွေအဖြစ် အစဉ်ကြိုဆိုနေမှာ ဖြစ်ပါတယ်။ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေရဲ့ လက်တွေ့လူမှုဘဝကို ထင်ဟပ်တဲ့ တည်ဆောက်ရေးကို ရှေးရှုတဲ့
လှုပ်ရှားမှုတွေကို မြင်တွေ့အားပေး လိုပါကြောင်း ပြောကြားလိုပါတယ်။ လက်ရှိ
အခြေအနေမှာလဲ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေး ပါတီတွေ
နိုင်ငံရေးအစုအဖွဲ့တွေ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အပါအဝင်
အဖွဲ့အစည်းပေါင်းစုံရဲ့ လွတ်လပ်ခွင့်အတွက် တရားဝင်မှတ်ပုံတင်ခြင်းကအစ
လှုပ်ရှားမှု လုပ်ငန်းစဉ်အမျိုးမျိုးအတွက် လိုအပ်တဲ့ အဖြေလျော့မှုတွေကို
အဆင့်အလိုက် လုပ်ဆောင် ပေးလျက်ရှိပါတယ်။ ဒီလိုပဲ ဒီမိုကရေစီ စနစ်နဲ့
လျော်ညီတဲ့ မီဒီယာလွတ်လပ်ခွင့်ကိုလည်း ဖန်တီးခွင့်ပြုထားပြီး ဖြစ်ပါတယ်။
ဒီလွတ်လပ်မှုကိုတာဝန်သိသိ၊ တာဝန်ရှိရှိကျင့်သုံးပြီး ကျွန်တော်တို့
မြင်တွေ့လိုတဲ့ ဒီမိုကရေစီ တည်ဆောက်ရေးဖြစ်စဉ်ကို အားဖြည့်လုပ်ဆောင်
သွားကြဖို့လဲတိုက်တွန်းလိုပါတယ်။
Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/01/20/id-2406
No comments:
Post a Comment