Thursday, January 17, 2013

ဖိလစ်ပိုင်နိုင်ငံ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ်ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းထားသည့် CCCH အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများတွေ့ဆုံ

ဖိလစ်ပိုင်နိုင်ငံ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ်ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းထားသည့် CCCH အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများတွေ့ဆုံ
-------------------------------------------------------------
ဖိလစ်ပိုင် လက်နက်ကိုင် MILF တပ်စခန်းကို သွားရောက်လေ့လာခဲ့ကြပြီး ယနေ့ ( ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၁၁း ၀၀ နာရီက ပြန်လည်ထွက်ခွာလာခဲ့ကြသည့် ၈၈မျိုးဆက်ကျောင်းသားများသည် ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ်ဖော်ဆောင်နိုင်ရန် ဖိလစ်ပိုင်သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် Coordinating Committee on the Cessation of Hostilities (CCCH) အဖွဲ့ရုံးခန်းသို့ သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူ Maj Carlos T Sol နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဗိုလ်မှူး Sol က ဖိလစ်ပိုင်နိုင်ငံတွင်ရှိခဲ့သော လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိသည့်အနက် MILF အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိရန် ၁၉၉၇ ခုနှစ်မှစ၍ ကြိုးပမ်းခဲ့ကြပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မွန်းလွဲ ၁၂း ၁၅ နာရီတွင် CCCH ရုံးခန်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြပြီး မွန်းလွဲ ၁း ၁၅ နာရီတွင် ကိုတာဘာတိုမြို့မှ မနီလာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ဖိလစ်ပိုင် လက်နက်ကိုင် MILF တပ်စခန်းကို သွားရောက်လေ့လာခဲ့ကြပြီး ယနေ့ ( ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၁၁း ၀၀ နာရီက ပြန်လည်ထွက်ခွာလာခဲ့ကြသည့် ၈၈မျိုးဆက်ကျောင်းသားများသည် ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ်ဖော်ဆောင်နိုင်ရန် ဖိလစ်ပိုင်သမ္မတ ရုံးမှ ဖွဲ့စည်းပေးထားသည့် Coordinating Committee on the Cessation of Hostilities (CCCH) အဖွဲ့ရုံးခန်းသို့ သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူ Maj Carlos T Sol နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဗိုလ်မှူး Sol က ဖိလစ်ပိုင်နိုင်ငံ တွင်ရှိခဲ့သော လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိသည့်အနက် MILF အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိရန် ၁၉၉၇ ခုနှစ်မှစ၍ ကြိုးပမ်းခဲ့ကြပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မွန်းလွဲ ၁၂း ၁၅ နာရီတွင် CCCH ရုံးခန်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြပြီး မွန်းလွဲ ၁း ၁၅ နာရီတွင် ကိုတာဘာတိုမြို့မှ မနီလာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။

No comments:

Post a Comment