ရခိုင်ဗုဒ္ဓဘာသာ၊ ရိုဟင်ဂျာ ပဋိပက္ခအတွင်း မီးလောင်နေသည့်
ရိုဟင်ဂျာအိမ်များရှေ့တွင် ဓား၊ လေးခွစသည့် လက်နက်များကို
ကိုင်ဆောင်ထားသည့် ရခိုင်ဗုဒ္ဓဘာသာတစ်ဦး အေးဆေးစွာလမ်းလျှောက်လာသည့်
ပုံအပါအ၀င် အခြားမြန်မာဓာတ်ပုံဆရာ ၂ ဦးရိုက်ကူးသည့် ပုံများကို ၂၀၁၂ အတွက်
ရိုက်တာသတင်းဌာနက အကောင်းဆုံးသတင်းဓာတ်ပုံစာရင်းတွင် ရွေးချယ် လိုက်ကြောင်းသိရသည်။
ရခိုင်အကြမ်းဖက်သမားတစ်ဦး၏ပုံသည် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခ
ပထမအကြိမ်အတွင်း အင်တာနက်တွင် ရေပန်းစားခဲ့ သည့် ဓာတ်ပုံတစ်ပုံလည်း
ဖြစ်သည်။ မြန်မာဓာတ်ပုံပညာရှင်တစ်ဦး၏ လက်ရာဖြစ်သော်လည်း အမည်ကိုမူ
ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခကို
ဖော်ညွှန်းသည့် အခြားဓာတ်ပုံတစ်ပုံမှာ ရိုက်တာသတင်းဌာနမှ ဓာတ်ပုံ ပညာရှင်
ကိုမင်းဇေယျ ရိုက်ကူးသည့် ခွေးသေကောင်နှင့် ခွေးကလေးတစ်ကောင်တို့ပုံဖြစ်သည်။ ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခ
ဒုတိယအကြိမ်တွင် ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်
ရိုဟင်ဂျာအများစု နေထိုင်ရာ ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်တွင်
ရိုက်ကူးထားကြောင်းလည်း သိရသည်။ ပိုက်ဆိပ်ရပ်ကွက်သည် ရခိုင်ဗုဒ္ဓဘာသာဝင်
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် လူနေအိမ်ခြေများ၊ ဘာသာရေး
အဆောက်အအုံများအားလုံးနီးပါး ဖျက်ဆီးခံရသည့် နေရာဖြစ်သည်။
ပိုက်ဆိပ်ရပ်ကွက်ရှိ ရိုဟင်ဂျာပိုင် အိမ်ခြေ ၄၇၉အိမ်နှင့် ဗလီ ၃
လုံးဖျက်ဆီးခံရသည်။ ပိုက်ဆိပ်ရပ်ကွက်နေ ရိုဟင်ဂျာ များမှာ ယခုအချိန်အထိ
သဲချောင်းဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
ပန့်ဒီဇိုင်းဖြင့်
လူငယ်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသည့် ကိုယ် ချုပ်အင်္ကျီတစ်ထည်
ဝတ်ဆင်ထားသည့်ပုံသည်လည်း ရိုက်တာသတင်းဌာနမှ ရွေးချယ်သည့် ၂၀၁၂ အတွက်
အကောင်းဆုံး သတင်းဓာတ်ပုံ ၈ပုံစာရင်းတွင် ပါဝင်သည်။ အဆိုပါပုံကို
ရိုက်ကူးသူမှာ မြန်မာဓာတ်ပုံပညာရှင် စိုးဇေယျာထွန်း ဖြစ်သည်။
ကိုးကား။ မွန်းတည့်နေ။ Vol.1, No.5, Pg.5.
ရခိုင်အကြမ်းဖက်သမားတစ်ဦး၏ပုံသည
ရခိုင်ပြည်နယ် ပဋိပက္ခကို ဖော်ညွှန်းသည့် အခြားဓာတ်ပုံတစ်ပုံမှာ ရိုက်တာသတင်းဌာနမှ ဓာတ်ပုံ ပညာရှင် ကိုမင်းဇေယျ ရိုက်ကူးသည့် ခွေးသေကောင်နှင့် ခွေးကလေးတစ်ကောင်တို့ပုံဖြစ်သည်
ပန့်ဒီဇိုင်းဖြင့် လူငယ်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသည့် ကိုယ် ချုပ်အင်္ကျီတစ်ထည် ၀တ်ဆင်ထားသည့်ပုံသည်လည်း ရိုက်တာသတင်းဌာနမှ ရွေးချယ်သည့် ၂၀၁၂ အတွက် အကောင်းဆုံး သတင်းဓာတ်ပုံ ၈ပုံစာရင်းတွင် ပါဝင်သည်။ အဆိုပါပုံကို ရိုက်ကူးသူမှာ မြန်မာဓာတ်ပုံပညာရှင် စိုးဇေယျာထွန်း ဖြစ်သည်။
ကိုးကား။ မွန်းတည့်နေ။ Vol.1, No.5, Pg.5.
No comments:
Post a Comment