Monday, January 21, 2013

လ၀ကတွေကို ခင်ရီ ကောကျစ်မှု သင်တန်းပေး

Kay Te Zat O
လ၀ကတွေကို ခင်ရီ ကောကျစ်မှု သင်တန်းပေး

မြ၀တီ
သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ရရှိရေး ဖြစ်၍ အလေးထား ဆောင်ရွက် ကြရန်လို

ပြည်လုံးကျွတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၂ဝ၁၄ ခုနှစ်တွင် တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အကြိုအဖြစ် စမ်းသပ် သန်းခေါင် စာရင်းကို ၂ဝ၁၃ ခုနှစ် မတ်လတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည်လည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲရာတွင် အဓိက အရေးကြီးသည့် လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ရရှိရေး အတွက်
ရည်ရွယ်ခြင်း ဖြစ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဇန်နဝါရီ ၁၇ရက် နံနက် ၁ဝ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ကတိက ဝတ်ပြုချက်များပါ ရှေ့လုပ်ငန်း စဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ တွေ့ဆုံမှာ ကြားသည့် အခမ်းအနားတွင် ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီး ဌာနမှူးများက ရည်မှန်းချက် တာဝန်များ အကောင်အထည် ဖော်ဆောင်ရွက် နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက် များကို ရှင်းလင်း တင်ပြကြပြီး ဒုတိယ ဝန်ကြီးများနှင့် ညွှန်ကြား ရေးမှူးချုပ် များက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ဝန်ထမ်း အားလုံးက တက်ညီလက်ညီ လက်တွဲ ပူးပေါင်း ကာကိုယ်စွမ်း ဥာဏ်စွမ်း ရှိရှိဖြင့် ထိုးထွင်း ကြံဆ ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/4852-2013-01-20-11-35-02#.UPv0k528B8E

မြ၀တီ
သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ရရှိရေး ဖြစ်၍ အလေးထား ဆောင်ရွက် ကြရန်လို

ပြည်လုံးကျွတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၂ဝ၁၄ ခုနှစ်တွင် တာဝန်ယူ ဆောင် ရွက် ကြရမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အကြိုအဖြစ် စမ်းသပ် သန်းခေါင် စာရင်းကို ၂ဝ၁၃ ခုနှစ် မတ်လတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းသည်လည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲရာတွင် အဓိက အရေးကြီးသည့် လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ရရှိရေး အတွက်
ရည်ရွယ်ခြင်း ဖြစ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့်   ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဇန်နဝါရီ ၁၇ရက် နံနက် ၁ဝ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ကတိက ဝတ်ပြုချက်များပါ ရှေ့လုပ်ငန်း စဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ တွေ့ဆုံမှာ ကြားသည့် အခမ်းအနားတွင် ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီး ဌာနမှူးများက ရည်မှန်းချက် တာဝန်များ အကောင်အထည် ဖော်ဆောင်ရွက် နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက် များကို ရှင်းလင်း တင်ပြကြပြီး ဒုတိယ ဝန်ကြီးများနှင့်   ညွှန်ကြား ရေးမှူးချုပ် များက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ဝန်ထမ်း အားလုံးက တက်ညီလက်ညီ လက်တွဲ ပူးပေါင်း ကာကိုယ်စွမ်း ဥာဏ်စွမ်း ရှိရှိဖြင့် ထိုးထွင်း ကြံဆ ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/4852-2013-01-20-11-35-02#.UPv0k528B8E

No comments:

Post a Comment