လူတစ်ယောက်က သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားချင်စိတ် ဖြစ်ပေါ်တဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေကို countrycares.org မှ စုစည်း ဖော်ပြလိုက် ပါတယ်။
-စိတ်ကျရောဂါဖြစ်တာ
-သိသာတဲ့ စိတ်အခြေအနေ ပြောင်းလဲမှုတွေ ပေါ်တာ
-သူငယ်ချင်း မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ လူမှုအဖွဲ့အစည်းနဲ့ ဝေးဝေးမှာနေတာ
-ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်တဲ့ အပြုအမူတွေ၊ ဒေါသထွက် တာတွေနဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေ ပေါ်တာ
-အပြုအမူတွေက အရင်နဲ့ မတူဘဲ လုံးဝ ပြောင်းလဲသွားတာ
-တန်ဖိုး မရှိသလို ဒါမှမဟုတ် မျှော်လင့်ချက် မဲ့သလို စကားတွေ ပြောတာ
-ကျောင်း၊ အလုပ်နဲ့ မိသားစုမှာ အဆင်မပြေတာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လွှင့်ပစ်တာ စတာတွေ ပဲ ဖြစ်ပါတယ်။
အဆိုပါ လက္ခဏာတွေ ရှိနေတဲ့သူတစ်ယောက်ဟာ သင့်ပတ်ဝန်းကျင်က ဖြစ်နေရင် ဒါမှမဟုတ် သင်ကိုယ်တိုင် ဖြစ်နေရင် စိတ်သက်သာရာ ရစေဖို့ လုပ်ဆောင်သင့်တာတွေ ကတော့ -
-သတိပေး လက္ခဏာတွေ အကြောင်း သိနားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်အောင် ကြိုးစားပါ။
-ကိုယ့်ကိုယ်ကိုယ် သတ်သေလိုတဲ့ အတွေးတွေ လျော့ကျသွားအောင် တတ်နိုင်သမျှ သင့်ကို ချစ်တဲ့ လူတွေနဲ့ နေပါ။
-စိတ်ဓာတ်ကျနေသူ ပြောတဲ့ စကားတွေကို နားထောင်ပါ၊ ပွင့်လင်းစွာ ပြောဆိုဆက်ဆံပြီး၊ အကြံဉာဏ်ကောင်း ပေးပါ။
-မျှော်လင့်ချက် ရှိလာစေမယ့် နည်းလမ်း ရှာပါ။
ကိုယ့်ကိုယ်ကိုယ် သတ်သေလိုသော အတွေး ပျောက်သွားအောင်
- ကိုယ့်ကိုယ်ကိုယ် သတ်သေလိုကြောင်း တွေးတောနေသူတွေ အနေနဲ့ သတိပေး လက္ခဏာတွေကို သိနားလည်ပြီး ဘာသာတရားကို များများ လုပ်ဆောင်ပါ။
- လမ်းလျှောက်ပါ။ ခန္ဓာကိုယ် အကြောပြေအောင် အကြော ဆန့်ထုတ်ပေးပါ။
- နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်သူ တစ်ဦးနဲ့ တွေ့ဆုံ ဆွေးနွေးပါ။
ဇွန်
No comments:
Post a Comment