Thursday, January 3, 2013

ရိုဟင်ဂျာများအား ဘင်္ဂလီ ဟု အတင်း လက်မှတ် ထိုးခိုင်းမှုများရှိ



မောင်တောမြို. န.စ.က နယ်မြေ (၆) ပြင်ဖြူ နယ်မြေ မှ ဆရာကြီး ဦး ကျော်နိုင် ခေါင်းဆောင်သော အဖွဲ့(၁) သည် ယနေ့ ၂.၁.၂၀၁၃  နေ့ တွင် မင်္ဂလာကြီးကျေးရွာ သို့ ကွင်းဆင်းကာ လူဦးရေ စာရင်းများ ကောက်ခံ လျက်ရှိပါသည်။ ထိုသို့ စာရင်းကောက်ရာတွင် လူမျိုးနေရာတွင် ဘင်္ဂလီဟု ကွန်ပျူတာဖြင့်အဆင်သင့် ရေး သားထားသော စာရင်းများ ကိုကာယာကံရှင်အား မပြဘဲ အတင်း အဓမ လက်မှတ်ထိုးကြောင်း သိရသည်။
အမျိုးမျိုး ခြိမ်းခြောက်လာသဖြင့် လက်မှတ်ထိုးသူ အနည်းငယ်ရှိကြောင်းလည်း ဒေသခံ များ၏ ပြောပြချက် အရသိရသည်။ နောက်ပိုင်းတွင် အသံချဲ့စက်များဖြင့်အိမ်ထောင်ဦးစီး နာမည်နှင့်တကွ အော်ဟစ်ပြီး ခြိမ်းခြောက်ပြောဆိုသည်မှာ နာမည်ခေါ်ဆိုများ လာရောက် လက်မှတ်မထိုးပါက BD ပြေး (Bangladesh ပြေး) အဖြစ် စာရင်းတင်မည်ဖြစ်ကြောင်း အမြန်ဆုံးလာရောက် လက်မှတ် ထိုးခိုင်းရာ ရွာသား တချို့လည်းကြောက် ရွံ့ပြီ လက်မှတ် ထိုးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment