Saturday, January 26, 2013
အထူးအရေးကြီးသတင်း(မောင်တောမြို့ နယ်စပ်တွင် ပစ်ခတ်မှူဖြစ်ပွါး)
ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် မနေ့က(24.1.2013-ကြာသပတေးနေ့)ည ရး၀၀ နာရီခန့် တွင်မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ဖြစ်သော ဗန္ဓုလကျေးရွာ(ယခင်GEတပ် မှ ၃ ဦး ဖမ်းဆီးခေါ်ဆောင် သွားခဲ့သောနေရာ အနီး) တွင် နယ်စပ်ခြံစည်းရိုးတည်ဆောက်နေသော လမ်းတံထားဆောက် လုပ်ရေးလုပ်ငန်းခွင် သို့ လက်နက် ကိုင် ALP နှင့် ALA ရခိုင်အကြမ်းဖက် သောင်းကျန်းသူ များက ခြုံလျိုပြီး သေနတ်များဖြင့် ပစ်ခတ်ရာ….ယင်းလုပ်ငန်းခွင်မှလူ များထွက်ပြေးလွတ်မြောက်ခဲ့သော် လည်း ကျန်ရှိခဲ့သော လုပ်ငန်းသုံး ကားတစ်စီး အားမီးရှို့ ဖျက်စီးလိုက်သည် ဟုခိုင်လုံသော သတင်းအတည်ပြုချက်အရသိရသည်။ ထိုကိစ္စအား အာဏာပိုင်များက သတင်းမလွင့်အောင် ထိန်ချန် ထားသော် လည်း မောင်တောမြို့ သူ/သားများတစ်စတစ်စ သိရှိသွားကြပြီး စိုးရိမ် မကင်းဖြစ်နေကြကြောင်း လည်းသိရှိ ရပါသည်။ ယင်းနေ့မတိုင်မှီကလည်း မောင်တောမြို့ တောင်ပိုင်း ပန်းတောပြင်းကျေးရွာတွင်လည်း(ရယက ရုံး)တစ်ရုံး အားလက်နက်ကိုင် ALP နှင့် ALA ရခိုင်အကြမ်းဖက် သောင်းကျန်းသူ များက ညသန်းခေါင်လောက် အချိန်တွင် မီးရှို့မှူ တစ်ခု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည။်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment