ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မြစ်နားရွာမှ ရခိုင်အမျိုးသား နှစ်ဦးအား ယာဘားဆေးပြား များနှင့်အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်တွင် ဖမ်းဆီးခဲ့
မြစ်နားရွာမှ ရခိုင် ၂ ဦးကို ဇန္န၀ါရီလ ၆ ရက်နေ့က ယာဘား ဆေးပြား ၄၀၀၀ နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုမောင်စံအေး(၃၅)နှင့် မင်းကျော်(၁၈)နှစ် တို့ ဖြစ်ကြသည်။
သူတို့ နှစ်ဦးအား တက်ကနက်အခြေစိုက် ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် တပ်ဖွဲ့ (BGB) အမှတ် (၄၂)မှ ဇန္န၀ါရီလ ၆ ရက် နံနက် ၇ နာရီတွင် ဖမ်းဆီးခံရသည်ဟု ကော့စ်ဘဇားထုတ် သတင်းစာ များက ပြောသည်။
ယာဘာဆေးပြား ၄၀၀၀ ၏ လက်ရှိ တန်ဖိုးမှာ တာကာ တစ်ဆယ့် သုံးသိန်းကျော်ဖိုး ရှိသည်ဟု ဆိုသည်။

No comments:
Post a Comment