ခရစ်သက္ကရာဇ်
၁၈၂၆ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဗြိတိသျှအစိုးရ၏
တွဲဖက်-ကော်မရှင်နာမင်းကြီးမှ ဗြိတိသျှအစိုးရထံတင်ပြခဲ့သော
ရခိုင်ပြည်နယ်အကြောင်း အစီအရင်ခံစာ (လျှို့ဝှက်) ရေးသားတင်ပြသူ
မစ္စတာချားလ်စ်ပါတန် တွဲဖက်-ကော်မရှင်နာမင်းကြီး၊ ရခိုင်ပြည်နယ်။ ဤစာတမ်းသည်
ပထမအင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ပွဲအပြီး ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့
တွင် ချုပ်ဆိုသော ရန္တပိုစာချုပ် ချုပ်ဆိုပြီးသည့် လပိုင်းအကြာတွင်
ရေးသားခဲ့သော အစီအရင်ခံစာ ဖြစ်သည်။ တိတိကျကျဆိုရပါလျှင် ရန္တပိုစာချုပ်
ချုပ်ဆိုအပြီး ၂ လနှင့် ၂ ရက်အကြာတွင် ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။
ဤအစီအရင်ခံစာအရ ထိုအချိန်တွင် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် နေထိုင်သူ ၁
သိန်း ရှိပြီး၊ ၃၀,၀၀၀ (၃၀%)မှာ မုစ်လင်မ်များ ဖြစ်ကြပြီး၊ ၁၀,၀၀၀
(၁၀%)မှာ ဗမာများ ဖြစ်ကြသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ
မုစ်လင်မ်များသည် အင်္ဂလိပ်အစိုးရက ရခိုင်ပြည်နယ်အား မသိမ်းပိုက်၊
မအုပ်ချုပ်မီကပင် ယင်းဒေသတွင် နေထိုင်ခဲ့သူများဖြစ်ကြကြောင်း သိရှိရပေသည်။
မုသားဝါဒီ ရခိုင်အကြမ်းဖက်သမားများ ၀ါဒဖြန့်ချိနေသကဲ့သို့ မနေ့တစ်နေ့ကမှ
အာရ်ကန်ပြည်နယ်သို့ ၀င်ရောက်၍ နေထိုင်ခဲ့ခြင်း မဟုတ်ကြောင်း
ငြင်းမရနိုင်သည့် အထောက်အထား ဖြစ်ပေသည်။ သမိုင်းစစ်၊ သမိုင်းမှန်ဟူသည်
ဖြောက်ဖျက်ပစ်၍ ရကောင်းအရာ မဟုတ်သလို၊ သက်ဆိုင်သူ အပြစ်မဲ့
နိုင်ငံရေးသားကောင်များ အားလုံးကို လူမျိုးတုန်းသတ်ဖြတ်လိုက်သော်လည်း
သမိုင်းစစ်၊ သမိုင်းမှန်ကိုကား ဖြောက်ဖျက်ပစ်၍ ရလိမ့်မည် မဟုတ်ချေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment