Friday, December 21, 2012

အင်တာနက် မလိုဘဲ Ytalk Sofware ဖြင့် ဖုန်းဆက်သွယ်နိုင်


Friday 21st December 2012
အင်တာနက် လိုင်းမလိုဘဲ တစ်ကမ္ဘာလုံးရှိ ဖုန်းများကို ဆက်သွယ် ပြောဆိုနိုင်တဲ့ Ytalk Software ကို စတင် သုံးစွဲခွင့်ပြု လိုက်ပြီ ဖြစ်တယ်လို့ ဒီဇင်ဘာလ
၁၉ ရက်နေ့က ရန်ကုန်မြို့ Myanmar Info-Tech မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Ytune Caller Ring Back Tone စနစ် စတင်သုံးစွဲ ပေးခြင်း အခမ်းအနားနဲ့ Ytalk Individual Service စတင် ဖွင့်လှစ်ခြင်း အခမ်းအနားမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အဆိုပါ Ytalk စနစ်ဟာ ယခင်က အင်တာနက်ဆိုင် တွေမှာသာ သုံးစွဲခွင့် ရှိပြီး ယခု ဒီဇင်ဘာလ မှစတင်ကာ အင်တာနက် မလိုဘဲ ပြည်တွင်းရှိ ကြိုးဖုန်း၊ Mobile Phone များမှာပါ Ytalk Account ဖွင့်ပြီး အသုံးပြု နိုင်တာ ဖြစ်ပါတယ်။ ဒီလို သုံးစွဲဖို့အတွက် ငွေဖြည့်မှု ကိုလည်း အလွယ်တကူ ဆောင်ရွက်လို့ ရပြီး ကုတ်နံပါတ်ကို မိုဘိုင်းဖုန်း အတွင်းသို့ တိုက်ရိုက် ထည့်သွင်း နိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပခေါ်ဆိုတဲ့ ဈေးနှုန်းတွေ ကိုလည်း လျှော့ချ ထားတယ်လို့ သိရပါတယ်။ ဒီလို လျှော့ချရာ မှာတော့ စင်္ကာပူ ခေါ်ဆိုခ အတွက် တစ်မိနစ်ကို ၁၂ ကျပ်နဲ့ မလေးရှား အတွက် တစ်မိနစ်ကို ၂၅ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အခုလို ၀န်ဆောင်မှု ပေးမယ့် Ytalk စနစ် အတွက်လည်း ဆားဗစ် ကောင်တာများကို ဖွင့်လှစ် ကာဝန် ဆောင်မှုပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment