မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့က UNA ခေါ် ညီညွတ်သောတိုင်း၇င်းသားလူမျိုးများ မဟာမိတ် အဖွဲ့က ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံကို ခေတ္တ အလည်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဦးသံခဲ ဦးဆောင်တဲ့ အဖွဲ့ဟာ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ
မဟာမိတ်အဖွဲ့ UNA မှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၉
မိုင်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဦးခွန်ထွန်းဦးနေအိမ်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ
မြန်မာ့နိုင်ငံရေးအခြေနေတွေကို အပြန်လှန် ဆွေးနွေးခဲ့ကြတာပါ။
တကယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ အေဘီအက်စ်ဒီအက်ဖ် တို့ ပူးတွဲကျင်းပဖို့ ပြောဆိုနေတဲ့ ပါတီပေါင်းစုံညီလာခံတစ်ခုဖြစ်လာ ရင်
UNA အနေနဲ့လည်း အဖွဲ့ဝင် ပါတီတွေရဲ့ သဘောထားကိုရယူပြီး တက်ရောက်သင့် မသင့်
ဆုံးဖြတ်သွားမယ်လို့ UNA ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။
အေဘီအက်စ်ဒီအက်ဖ်ခေါင်းဆောင်တွေ နဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ေ ခါင်းဆောင်တွေ
မနေ့က တွေ့ဆုံဆွေးနွေးစဉ်က အင်အားစုပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ်ကို
လာမယ့် ၂ဝ၁၄ ခုနှစ် နောက်ဆုံးထားကျင်းပနိုင်အောင် ပူးပေါင်းကြိုးစားကြဖို့
သဘောတူခဲ့ကြတာပါ။
ဒါပေမယ့် အဲဒီအချိန်ဟာ ၂ဝ၁၅
ရွေးကောက်ပွဲအချိန်နဲ့ အလွန်နီးကပ်နေတဲ့အတွက် တိုင်းရင်းသားအင်အားစုတွေ၊
ဒီမိုကရေစီအင်အားစုတွေအတွက် အဆင်ပြေမှာမဟုတ်ဘူးလို့ ဦးခွန်ထွန်းဦးက
ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ဆွေးနွေးပွဲကို
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊
မွန်ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ အစရှိတဲ့ UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို ခေတ္တ အလည်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဥ
တကယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့
အေဘီအက်စ်ဒီအက်ဖ်ခေါင်းဆောင်တွေ
ဒါပေမယ့် အဲဒီအချိန်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲအချိန်နဲ့ အလွန်နီးကပ်နေတဲ့အတွက် တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေအတွက် အဆင်ပြေမှာမဟုတ်ဘူးလို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပ

No comments:
Post a Comment