ရခိုင်ပြည်နယ် ဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကျင်းပ
ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် နယ်စပ် ရေးရာ ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး
တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊သဟဇာတ
ဖြစ်သည့်လူ့အဖွဲ့အစည်း ပေါ်ပေါက် ဖြစ်ထွန်းရေး အတွက် လူသားချင်း စာနာသည့်
အထောက် အကူပြု ဆိုင်ရာ လုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ
လုပ်ငန်းများ၊ ရေရှည် တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ
လုပ်ငန်းများနှင့် စပ်လျဉ်း၍ မိမိတို့ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့်
ရှေ့လုပ်ငန်း စဉ်များကို ပေါင်းစပ် ညှိနှိုင်းနိုင်ရေး၊ လုပ်ငန်းများ အကောင်
အထည်ဖော် ဆောင်ရွက်ရာတွင် ကြန့်ကြာမှု မရှိဘဲ စီမံခန့်ခွဲ နိုင်မည့်
လုပ်ငန်းစဉ်များ အပေါ် အပြု သဘော ဆောင်သည့် အကြံပြုချက်များ တင်ပြရေး
မှာကြားသည်။
ထို့နောက် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး UNDP ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam မှ မိမိတို့သည် အကူအညီ လိုအပ်ေ နသည့် လူ့အဖွဲ့ အစည်းများသို့ လူသားချင်း စာနာသော အထောက်အပံ့များ ဆောင်ရွက် ပေးနေကြသည့် အဖွဲ့ အစည်းများ ဖြစ်ကြ ပါကြောင်း၊ ထောက် ပံ့ ကူညီမှု များသာမက ပြန်လည် နေရာ ချထားရေး၊ ပဋိပက္ခ ကင်းဝေးရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပုံမှန်ပြန် လည် ဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းစဉ် များကိုပါ တစ်ပါတည်း စီမံဆောင်ရွက် ပေးရန် လိုအပ် ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၏ ဌာနေ ကိုယ်စားလှယ် များ၊ နိုင်ငံတကာ အစိုးရ အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများ၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူသားချင်း စာနာသော အထောက် အပံ့ပေးရေး ဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ၊ ရှေ့လုပ် ငန်းစဉ်၊ သဟဇာတ ဖြစ်သည့် လူ့အဖွဲ့ အစည်း ပေါ်ပေါက်ရေး ဆိုင်ရာ အတွေးအမြင် အယူအဆများ၊ ရင်ဆိုင် ကြုံတွေ့ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှု များကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရန် အသီးသီး တင်ပြ ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင် ပြည်နယ်တွင် ဖြစ်ပွား နေသည့် ပကတိ အခြေအနေ မှန်ကို အားလုံးမှ နားလည် လက်ခံရန် လိုအပ်ကြောင်း၊ နှစ်ဖက် လူ့အဖွဲ့ အစည်း အသီးသီးတွင် စိတ်ခံစားမှု များနှင့် မကျေနပ် ချက်များ ရှိနေဆဲ ဖြစ်သည်ကို သုံးသပ် တွေ့ရှိ ရသော်လည်း လွဲမှားသော အတွေးအခေါ် အယူအဆ များကို ပြုပြင် ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ ပိုမို ဖြစ်ထွန်း လာရေးအတွက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ လေးမြို့ နယ်ကို မြောက်ဦး ခရိုင်အဖြစ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံသား ဖြစ်မှု လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရ အနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဖြစ်မှု ဥပဒေအရ ဆက်လက်စိစစ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် လူသား ချင်း စာနာသည့် အထောက် အကူများ ပေးအပ်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများကို ပကတိ ဖြစ်ရပ်မှန်ပေါ် မူတည်၍ ပြန်လည် စဉ်းစား သုံးသပ် သင့် ပါကြောင်းဖြင့် တိုက်တွန်း မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.com.mm/ allnews/localnews/item/ 2256-2012-12-19-09-35-54
ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် နယ်စပ် ရေးရာ ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး
တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊သဟဇာတ
ထို့နောက် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး UNDP ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam မှ မိမိတို့သည် အကူအညီ လိုအပ်ေ နသည့် လူ့အဖွဲ့ အစည်းများသို့ လူသားချင်း စာနာသော အထောက်အပံ့များ ဆောင်ရွက် ပေးနေကြသည့် အဖွဲ့ အစည်းများ ဖြစ်ကြ ပါကြောင်း၊ ထောက် ပံ့ ကူညီမှု များသာမက ပြန်လည် နေရာ ချထားရေး၊ ပဋိပက္ခ ကင်းဝေးရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပုံမှန်ပြန် လည် ဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းစဉ် များကိုပါ တစ်ပါတည်း စီမံဆောင်ရွက် ပေးရန် လိုအပ် ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၏ ဌာနေ ကိုယ်စားလှယ် များ၊ နိုင်ငံတကာ အစိုးရ အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများ၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူသားချင်း စာနာသော အထောက် အပံ့ပေးရေး ဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ၊ ရှေ့လုပ် ငန်းစဉ်၊ သဟဇာတ ဖြစ်သည့် လူ့အဖွဲ့ အစည်း ပေါ်ပေါက်ရေး ဆိုင်ရာ အတွေးအမြင် အယူအဆများ၊ ရင်ဆိုင် ကြုံတွေ့ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှု များကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရန် အသီးသီး တင်ပြ ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင် ပြည်နယ်တွင် ဖြစ်ပွား နေသည့် ပကတိ အခြေအနေ မှန်ကို အားလုံးမှ နားလည် လက်ခံရန် လိုအပ်ကြောင်း၊ နှစ်ဖက် လူ့အဖွဲ့ အစည်း အသီးသီးတွင် စိတ်ခံစားမှု များနှင့် မကျေနပ် ချက်များ ရှိနေဆဲ ဖြစ်သည်ကို သုံးသပ် တွေ့ရှိ ရသော်လည်း လွဲမှားသော အတွေးအခေါ် အယူအဆ များကို ပြုပြင် ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ ပိုမို ဖြစ်ထွန်း လာရေးအတွက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ လေးမြို့ နယ်ကို မြောက်ဦး ခရိုင်အဖြစ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံသား ဖြစ်မှု လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရ အနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဖြစ်မှု ဥပဒေအရ ဆက်လက်စိစစ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် လူသား ချင်း စာနာသည့် အထောက် အကူများ ပေးအပ်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများကို ပကတိ ဖြစ်ရပ်မှန်ပေါ် မူတည်၍ ပြန်လည် စဉ်းစား သုံးသပ် သင့် ပါကြောင်းဖြင့် တိုက်တွန်း မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.com.mm/

No comments:
Post a Comment