ဓါတ်ပုံ - Jerry Adiguna (Jakarta Post) |
RB News
ဒီဇင်ဘာ (၄) ၂၀၁၂
ဂျကာတာ။ ။ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်
Prof. Ekmeleddin Ihsanoglu နဲ့အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ
(ဒုသမ္မတဟောင်း) Mr. Jusuf Kalla တို့ဟာ မနေ့က အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာမြို့ကြက်ခြေနီအသင်းရုံးချုပ်မှာ တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
ဒီလိုတွေ့ဆုံတာကတော့
ရခိုင်ပြည်နယ်အတွင်းအိုးမဲ့အိမ်မဲ့ဖြစ်ပွားသွားတဲ့သူတွေကို
လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို OIC
နဲ့အင်ဒိုနီးရှားကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ကူညီဖို့အတွက်ဖြစ်ပါတယ်။
အစည်းအဝေးမှာဒုက္ခသည်တွေအတွက်အစားအသောက်တွေပို့ပေးရေးနဲ့နေအိမ်တွေပြန်လည်ဆောက် ပေးရေးအတွက်အဓိကဆွေးနွေးကြတယ်လို့
Mr. Kalla ကပြောပါတယ်။
အထောက်အပံ့တွေအားလုံးအတွက်တန်ဖိုးကတော့
ကိန်းဂဏန်းအားဖြင့်တော်တော်လေးကြီးမားမှာဖြစ်ပြီး၊ ဒုက္ခသည်တွေအနေနဲ့
အစားအသောက်တွေ၊ သန့်ရှင်းတဲ့ရေနဲ့ နေစရာအိမ်တွေအပူတပြင်းလိုအပ်နေ တယ်လို့
Mr. Kalla ကပြောပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းအတိအကျကိုတော့ Mr. Kalla
ကပြောဖို့ ငြင်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ OIC ကရုံးဖွင့်ပြီး
လူသားချင်းစာနာတဲ့အထောက်အပံ့တွေပေးဖို့ မြန်မာအစိုးရနဲ့ သဘောတူ
ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ
ဘုန်းကြီးအချို့နဲ့ပြည်သူလူထုအချို့ဆန္ဒပြတာကိုအကြောင်းပြပြီး OIC ရုံး
ဖွင့်ဖို့ကိုပိတ်ပင်ခဲ့ပါတယ်။ ဒီလိုဆန္ဒပြပွဲတွေဖြစ်လာအောင်လည်း
အစိုးရတမင်ဖန်တီးခဲ့တာလို့ ရိုဟင်ဂျာ အရေးလေ့လာသူတွေကဆိုပါတယ်။
No comments:
Post a Comment