Thursday, December 20, 2012

MPT ကတော့ လူတွေကို စောက်ရူးပဲထင်နေတုန်းပဲ တစ်သိန်းခွဲကို တန်ဖိုးနည်း ဖုန်း တဲ့

MPT ကတော့ လူတွေကို စောက်ရူးပဲထင်နေတုန်းပဲ တစ်သိန်းခွဲကို တန်ဖိုးနည်း ဖုန်း တဲ့ ...
.............................................................................................................

ဘယ်နိုင်ငံက ဖုန်းတန်ဖိုးနဲ့ တိုင်းတာပြီး တန်ဖိုးနည်း ဖုန်း လို့ သတ်မှတ်တာလဲ တော့ မသိ။ ဒီမနက် မြ၀တီ သတင်းမှာ ဖတ်လိုက်ရတာက ၂၀၁၃ ကနေစပြီး တစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်း အလုံး တစ်သန်းချပေးမယ် ဆိုပဲ။ 

အခု မြန်မာ့ ဆက်သွယ်ရေး နဲ့ တွဲလုပ်မယ့် Huawei နဲ့ ZTE ကုမ္ပဏီတွေက တရုတ်ကပါ။ တရုတ် ဖုန်းဆိုတာ Sim Card ၀ယ်ရင် ၀ယ်တဲ့ တန်ဖိုးထက် ပိုများတဲ့ ဖုန်းခ ထည့်ထားပေးပြီးသား။ အလကား ပေးတာ တောင် မကတော့ဘူး၊ အမြတ်ပါ ပေးနေတဲ့ အချိန် မြန်မာ နိုင်ငံမှာတော့ Sim Card ကို ဒေါ်လာ ၂၀၀ နီးနီး ပေးဝယ်ဖို့ လုပ်နေပါတယ်။ တရုတ်လိုင်းတွေက ကောင်းလား ဆိုတော့ တရုတ်နယ်စပ် ကနေ မိုင် တစ်ရာနီးပါးဝေးတဲ့ မြန်ကြီးနားအထိတောင် ရှင်းနေတာပဲ။

အာဆီယံ နိုင်ငံအားလုံး၊ လာအိုက အစ Sim Card တွေကို ၃ ဒေါ်လာ အောက်သာ ပေးဝယ်ရတာပါ။

မြန်မာ့ ဖုန်းကတော့ အခုပေါင်းစားနေတဲ့ ကုမ္ပဏီတွေလက်အောက်ကနေ မလွတ်မချင်းတော့ မြန်မာပြည်သားတွေ ခံနေရအုံးမှာပါ။ တချို့မသိတဲ့ လူတွေက အခုလို ဖုန်းဈေးလျှော့ပေးလို့ အစိုးရကိုတောင် ကျေးဇူးတင်နေတာ တွေ့ရပါတယ်။ 

အစိုးရ အပြောင်းအလဲ ဆိုတာကို ထင်သာမြင်သာ ရှိတဲ့ ဥပမာ မေးလိုက်တဲ့ အခါတိုင်း သာမန်လူတွေ အပြောများတာက၊ ကားများလာတယ်၊ ဖုန်းများလာတယ်၊ နေရာတကာ Tablet, Computer တွေ ကိုင်တဲ့ လူတွေများလာတယ်၊ လို့ဆိုပါတယ်။ 

အခုခေတ်မှာ နေ့စဉ်နဲ့ အမျှ နည်းပညာတွေ ပြောင်းလဲနေတဲ့ကာလမှာ နည်းပညာနဲ့ ဆိုင်တဲ့ ပစ္စည်းတွေက အစိုးရ နဲ့ မဆိုင်၊ ခေတ်ကြောင့် ပေါများလာခြင်းကို လူတွေက သိပ်သိပုံမရပါ။ တချို့ဆိုရင် အစိုးရကောင်းမှုကြောင့် မြန်မာ ပြည်မှာပဲ အခုလို နည်းပညာ ပစ္စည်းတွေ ပိုပေါလာသလို တောင် ထင်ကြပါတယ်။

ရင်လေးစရာအပြည့်နဲ့ ရွှေတို့မြေ ပါတကား။

(မြ၀တီ သတင်းကောက်နှုတ်ချက်)

http://www.myawady.com.mm/tech/localtechnews/item/1636

(၂၀၁၃ ဇန်နဝါရီလတွင် ထွက်ရှိ လာမည့် တစ်သိန်း ခွဲအောက် GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး သွားမှာ ဖြစ်တယ် လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ “အခုလို ချထားပေး ရမှာလည်း ရန်ကုန်တိုင်း ဒေသကြီး မှာတင် မကဘဲ
မန္တလေး တိုင်း ဒေသကြီးမှာတော့ ဖုန်းလိုင်း (၂) သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ တန်ဖိုးနည်း ဖုန်းများ တပ်ဆင်မှုကိုတော့ ယခုနှစ် အတွင်း အပြီး ပြုလုပ်သွားနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်ပ ကုမ္ပဏီ (၃) ခု ဖြစ်သော Huawei၊ ZTE နှင့် ASB တို့နဲ့လည်း စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။)

ဘယ်နိုင်ငံက ဖုန်းတန်ဖိုးနဲ့ တိုင်းတာပြီး တန်ဖိုးနည်း ဖုန်း လို့ သတ်မှတ်တာလဲ တော့ မသိ။ ဒီမနက် မြ၀တီ သတင်းမှာ ဖတ်လိုက်ရတာက ၂၀၁၃ ကနေစပြီး တစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်း အလုံး တစ်သန်းချပေးမယ် ဆိုပဲ။

အခု မြန်မာ့ ဆက်သွယ်ရေး နဲ့ တွဲလုပ်မယ့် Huawei နဲ့ ZTE ကုမ္ပဏီတွေက တရုတ်ကပါ။ တရုတ် ဖုန်းဆိုတာ Sim Card ၀ယ်ရင် ၀ယ်တဲ့ တန်ဖိုးထက် ပိုများတဲ့ ဖုန်းခ ထည့်ထားပေးပြီးသား။ အလကား ပေးတာ တောင် မကတော့ဘူး၊ အမြတ်ပါ ပေးနေတဲ့ အချိန် မြန်မာ နိုင်ငံမှာတော့ Sim Card ကို ဒေါ်လာ ၂၀၀ နီးနီး ပေးဝယ်ဖို့ လုပ်နေပါတယ်။ တရုတ်လိုင်းတွေက ကောင်းလား ဆိုတော့ တရုတ်နယ်စပ် ကနေ မိုင် တစ်ရာနီးပါးဝေးတဲ့ မြန်ကြီးနားအထိတောင် ရှင်းနေတာပဲ။

အာဆီယံ နိုင်ငံအားလုံး၊ လာအိုက အစ Sim Card တွေကို ၃ ဒေါ်လာ အောက်သာ ပေးဝယ်ရတာပါ။

မြန်မာ့ဖုန်းကတော့အခုပေါင်းစားနေတဲ့ကုမ္ပဏီတွေလက်အောက်ကနေမလွတ်မချင်းတော့ မြန်မာပြည်သားတွေ ခံနေရအုံးမှာပါ။ တချို့မသိတဲ့လူတွေကအခုလိုဖုန်းဈေးလျှော့ပေးလို့အစိုးရကိုတောင် ကျေးဇူးတင်နေတာ
 တွေ့ရပါတယ်။

အစိုးရ အပြောင်းအလဲ ဆိုတာကို ထင်သာမြင်သာ ရှိတဲ့ ဥပမာ မေးလိုက်တဲ့ အခါတိုင်း သာမန်လူတွေ အပြောများတာက၊ ကားများလာတယ်၊ ဖုန်းများလာတယ်၊ နေရာတကာ Tablet, Computer တွေ ကိုင်တဲ့ လူတွေများလာတယ်၊ လို့ဆိုပါတယ်။

အခုခေတ်မှာ နေ့စဉ်နဲ့ အမျှ နည်းပညာတွေ ပြောင်းလဲနေတဲ့ကာလမှာ နည်းပညာနဲ့ ဆိုင်တဲ့ ပစ္စည်းတွေက အစိုးရ နဲ့ မဆိုင်၊ ခေတ်ကြောင့် ပေါများလာခြင်းကို လူတွေက သိပ်သိပုံမရပါ။ တချို့ဆိုရင် အစိုးရကောင်းမှုကြောင့် မြန်မာ ပြည်မှာပဲ အခုလို နည်းပညာ ပစ္စည်းတွေ ပိုပေါလာသလို တောင် ထင်ကြပါတယ်။

ရင်လေးစရာအပြည့်နဲ့ ရွှေတို့မြေ ပါတကား။

(မြ၀တီ သတင်းကောက်နှုတ်ချက်)

http://www.myawady.com.mm/tech/localtechnews/item/1636

(၂၀၁၃ ဇန်နဝါရီလတွင် ထွက်ရှိ လာမည့် တစ်သိန်း ခွဲအောက် GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး သွားမှာ ဖြစ်တယ် လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ “အခုလို ချထားပေး ရမှာလည်း ရန်ကုန်တိုင်း ဒေသကြီး မှာတင် မကဘဲမန္တလေး တိုင်း ဒေသကြီးမှာတော့ ဖုန်းလိုင်း (၂) သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ တန်ဖိုးနည်း ဖုန်းများ တပ်ဆင်မှုကိုတော့ ယခုနှစ် အတွင်း အပြီး ပြုလုပ်သွားနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်ပ ကုမ္ပဏီ (၃) ခု ဖြစ်သော Huawei၊ ZTE နှင့် ASB တို့နဲ့လည်း စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။)

No comments:

Post a Comment