Wednesday, December 19, 2012

KIA တပ်ရင်း၃နှင့်ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ

Post 19 December 2012 Kachin News Group

ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်း ဝိုင်းမော်မြို့နယ်တွင်အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၃ နှင့်မြန်မာအစိုးရတပ်များ တိုက်ပွဲနှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများပြောသည်။

KIA ဖက်မှလည်း ၁ ဦးဒဏ်ရာရရှိကြောင်း KIA တပ်ရင်း ၃ သတင်းရပ်ကွက်မှပြောသည်။

မြစ်ကြီးနား-ကန်ပိုင်တီ လမ်း ဝါးရှောင်ကျေးရွာအနီး အစိုးရတပ်မှ အခွန်ကောက်ခံသောနေရာ Bum Tawng ဂိတ်အား KIA တပ်များသည် နံနက် ၇နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းနှင့်အတူ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု KIA သတင်းရပ်ကွက်မှ ဆိုသည်။

ကန်ပိုင်တီလမ်းပေါ်ရှိ KIA တပ်များ၏စခန်း နှစ်ခုမှ တစ်ခုဖြစ်သော Bum Tawng စခန်းသည် ယခင်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာအစိုးရတပ် သိမ်းယူခဲ့သော စခန်းဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာအစိုးရတပ်သည် Bum Tawng ဂိတ်စခန်း ဖွင့်ကာ ခရီးသွားပြည်သူလူထုများထံမှ ငွေကြေးများ မတရားကောက်ခံခဲ့သည်။

ထို့နောက် ၁၁နာရီခန့်တွင် စစ်ကူအနေဖြင့် Sambai မှ Ga Ra Yang သို့ချီတက်လာသော မြန်မာအစိုးရစစ်ကြောင်းကို လမ်းတစ်ဝက်မှ KIA တပ်ရင်း ၃ တပ်သားများတိုက်ခိုက်ခဲ့ရာတွင် မြန်မာစစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးကာ အတော်များများ ဒဏ်ရာရရှိကြောင်းကိုလည်းသိရှိရသည်။

ထိုကဲ့သို့ မြန်မာအစိုးရတပ်မှ အကျအဆုံးများခြင်းကြောင့် ၀ိုင်းမော်မှ စစ်ကူ စစ်ကားအစီး ၂၀ သည် ယခုချိန် မြစ်ကြီးနား-ဗန်းမော်လမ်း Ga Ra Yang ကျေးရွာအနီး ရွှေညှောင်ပင်တွင် ရောက်ရှိနေကြောင်းကို မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် KIO အား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း နိုဝင်ဘာလက အောက်မြန်မာပြည်မှ စစ်အင်အားထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ပို့ထားခဲ့သည်။ shared Jade Land's photo.

Post 19 December 2012 Kachin News Group

ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်း ဝိုင်းမော်မြို့နယ်တွင်အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၃ နှင့်မြန်မာအစိုးရတပ်များ တိုက်ပွဲနှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများပြောသည်။

KIA ဖက်မှလည်း ၁ ဦးဒဏ်ရာရရှိကြောင်း KIA တပ်ရင်း ၃ သတင်းရပ်ကွက်မှပြောသည်။

မြစ်ကြီးနား-ကန်ပိုင်တီ လမ်း ဝါးရှောင်ကျေးရွာအနီး အစိုးရတပ်မှ အခွန်ကောက်ခံသောနေရာ Bum Tawng ဂိတ်အား KIA တပ်များသည် နံနက် ၇နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းနှင့်အတူ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု KIA သတင်းရပ်ကွက်မှ ဆိုသည်။

ကန်ပိုင်တီလမ်းပေါ်ရှိ KIA တပ်များ၏စခန်း နှစ်ခုမှ တစ်ခုဖြစ်သော Bum Tawng စခန်းသည် ယခင်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာအစိုးရတပ် သိမ်းယူခဲ့သော စခန်းဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာအစိုးရတပ်သည် Bum Tawng ဂိတ်စခန်း ဖွင့်ကာ ခရီးသွားပြည်သူလူထုများထံမှ ငွေကြေးများ မတရားကောက်ခံခဲ့သည်။

ထို့နောက် ၁၁နာရီခန့်တွင် စစ်ကူအနေဖြင့် Sambai မှ Ga Ra Yang သို့ချီတက်လာသော မြန်မာအစိုးရစစ်ကြောင်းကို လမ်းတစ်ဝက်မှ KIA တပ်ရင်း ၃ တပ်သားများတိုက်ခိုက်ခဲ့ရာတွင် မြန်မာစစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးကာ အတော်များများ ဒဏ်ရာရရှိကြောင်းကိုလည်းသိရှိရသည်။

ထိုကဲ့သို့ မြန်မာအစိုးရတပ်မှ အကျအဆုံးများခြင်းကြောင့် ၀ိုင်းမော်မှ စစ်ကူ စစ်ကားအစီး ၂၀ သည် ယခုချိန် မြစ်ကြီးနား-ဗန်းမော်လမ်း Ga Ra Yang ကျေးရွာအနီး ရွှေညှောင်ပင်တွင် ရောက်ရှိနေကြောင်းကို မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် KIO အား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း နိုဝင်ဘာလက အောက်မြန်မာပြည်မှ စစ်အင်အားထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ပို့ထားခဲ့သည်။

No comments:

Post a Comment