International Association of Genocide Scholars ၏ ဥက္ကဌဟောင်း ပါမောက္ခ William Schabas |
ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၁၀) ၂၀၁၂
မနေ့ကစပြီးပြသတဲ့အယ်လ်ဂျဇီးရားရဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့
“ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” ဆို တဲ့ခေါင်း စဉ်မှာ
လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) အသုံးအနှုန်းကိုကမ္ဘာ့ရှေ့နေတွေကထောက်ခံ
ခဲ့ တယ်လို့ အဲဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးတဲ့ ဗြိတိန်နိုင်ငံက Mr. Phil
Rees ကမနေ့က ဘီဘီစီမြန်မာပိုင်း နဲ့ အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။
Mr. Phil Rees ကအခုလိုပြောပါတယ်။
“Genocide
ဆိုတဲ့အသုံးအနှုန်းကိုသုံးရတာကတော့လူမျိုးတစ်ခုပျက်စီးရာပျက်စီးကြောင်းသေချာစီစဉ်ပြီး
တော့ဆောင်ရွက် တဲ့ကိစ္စဆိုလိုရှိရင်ဒီသဘောအဓိပ္ပာယ်သက်ရောက်တယ်ဆိုပြီးတော့
Genocide Convention သဘောတူ စာချုပ်တွေမှာပါ သလိုရှေ့နေရှေ့ရပ်တွေနဲ့
လည်းတိုင်ပင်ပြီးတော့မှဒီလိုသုံးရ တာဖြစ်ပါတယ်။ လူတွေကို
အစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စမျိုး၊ ဥပမာ ဂျာမဏီမှာဒီဂျူးတွေကိုသတ်တဲ့
ကိစ္စမျိုးကျမှ Genocide လို့ပြော တာမဟုတ်ပါဘူး။
ရခိုင်ပြည်ရဲ့ပြဿနာကိုကြည့်မယ်ဆိုလို့ရှိရင် ရိုဟင် ဂျာတွေကို ရည်ရွယ် ချက်
ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့ လူသားအဖြစ်ရပ်တည်မှုမရအောင်လို့ ပြီးတော့
ခရီးသွားလာခွင့် ကန့်ကွက် တာတွေ၊ ပညာရေးအရဖိနှိပ်တာတွေ
ဒါတွေဟာသူတို့ရဲ့ရှင်သန်ခွင့်ပိတ်ပင် တားမြစ်တာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ရှေ့နေတွေကလည်းဘဲ Genocide ဆိုတဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီ
တယ်။ ကျွန်တော် တို့ဒီအခု တင်ပြတဲ့ Documentary ထဲမှာလည်းဘဲ
ကျွန်တော်မေးတဲ့ရှေ့နေကရှင်းပြထား ပါတယ်။”
မြန်မာအစိုးရကကန့်ကွက်တာနဲ့ပတ်သက်ပြီးတော့ Mr. Phil Rees က -
“ကျွန်တော့်အနေနဲ့ရခိုင်အစိုးရဘက်ကအာဏာပိုင်တွေနဲ့စကားပြောဖြစ်ပါတယ်။
အခုတကယ်ဖြစ်နေတာ ကတော့ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ
ရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စကနေ
စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ရခိုင်ပြည်လက်ရှိအာဏာရနေတဲ့ပါတီတွေကလည်းဘဲ
ဒီအမျိုးသားရေး ပါတီတွေဖြစ်သလို သူတို့ကလည်းဘဲ
ဒီကိစ္စတွေကြီးထွားလာအောင်တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေ ပါတယ်။ အစိုးရကလည်းဘဲ
ဒီရိုဟင်ဂျာတွေကိုသတ် ဖြတ်မှုတွေကိုကာကွယ်မပေးပါဘူး။အခုရိုဟင်ဂျာတွေ
ထွက်ပြေးတဲ့အတွက်ပင်လယ်ထဲမှာသေဆုံးတာတွေ အများအပြား ရှိတယ်။ ဘယ်လောက်သေ တယ်
ဆိုတာကိုလည်းအတိအကျမပြောနိုင်သလို အစိုးရရဲ့ကိန်းဂဏာန်းတွေကိုလည်း အတည်
ယူလို့ မရပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတွင်ကိုဘဲဒီဒုက္ခသည်ပေါင်းလေးသောင်းလောက်ရောက်နေတဲ့အတွက်ဒီနေရာမှာ
ပြဿနာမရှိဘူးဘဲနဲ့
သူတို့ဘယ်လိုမှထွက်ပြေးမှာမဟုတ်ပါဘူး။ကျွန်တော့်အနေနဲ့ဘင်္ဂလားဒေ့ရှ်
ကိုထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင် သက်သေ ၁၂ ယောက်ကိုမေးမြန်းပြီးတော့
ဒီအခုဇတ် လမ်းတွဲထဲမှာ သူတို့ရဲ့ဖြစ်စဉ်တွေ ကိုဖော်ပြ ထား တာဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့အခြားသော NGO များက Genocide လို့မသုံးနှုန်းတာနဲ့ပတ်သက်ပြီးတော့ Mr. Phil Rees က ဒီလိုပြောခဲ့ ပါတယ်။
“ကျွန်တော် UN ကတာဝန်ရှိတဲ့အကြီးအကဲတစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။
သူကဘယ်သူဆိုတာ အမည်ဖော်လိုတဲ့သဘောမရှိပါဘူး။
သူ့အနေနဲ့ဒီမျိုးနွယ်စုတွေကိုဖယ်ရှားစေ လိုတဲ့စစ်ရာဇ၀တ်မှု သဘော လို့ သူမြင်
တယ်တဲ့။ နောက်တစ်ခါဒီအန်ဂျီအိုလို့ခေါ်တဲ့ ဒီရခိုင်ဒေသမှာသွားရောက်
အလုပ်လုပ်နေ တဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကိုမေးတဲ့အခါမှာလည်းဘဲ
ကျွန်တော်ပြောသလို Genocide လို့တော့ သူတို့က မသုံးချင်ဘူး။
ဘာကြောင့်လဲဆိုတော့အခုဖြစ်နေတာက မြန်မာပြည်ဖြစ် နေတဲ့အပြောင်းအလဲ တွေကို
ကမ္ဘာကစောင့်ကြည့်နေတယ်။ နောက်အဲဒီအပြောင်းအလဲတွေကို ထိခိုက်ပျက်ဆီးမှာကို
လည်းမလို လားဘူး။
အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကဆိုလိုရှိရင်အာရှပစိဖိတ်ဒေသထဲမှာ
သူတို့ကွန်ယက် ကိုချဲ့
ထွင်နေတဲ့အခါမြန်မာဟာလည်းဘဲအရေးကြီးတဲ့မဟာမိတ်အဖြစ်ရှူမြင်ကြတယ်။
ဒါကြောင့်မို့ လို့ ပွင့်ပွင့် လင်းလင်း Genocide ဆိုပြီးတော့
ဝေဖန်စွပ်စွဲမှုတွေမလုပ်ဘူးလို့ကျွန်တော်ထင်ပါ တယ်။
အယ်လ်ဂျဇီးရားသတင်းဌာနက “ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု”
ဆိုတဲ့သတင်းမှတ်တမ်းရုပ်ရှင် ကိုပြသမယ့်လို့
ကြေညာအပြီးမှာGenocideဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီးဒီဇင်ဘာလ(၇)ရက်နေ့က
မြန်
မာနိုင်ငံမှာရောက်ရှိနေခဲ့တဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ပံ့ရေးလက်ထောက်အထွေထွေရေး
မှူးချုပ် Ms. Valerie Amos က သတင်းစာရှင်းလင်းပွဲမှာ -
တကယ်လို့အဲဒီအသုံးအနှုန်းကိုသုံးခဲ့ရင် ဟုတ်/မ ဟုတ် စုံစမ်းသင့်တယ် လို့
သတင်းထောက်တွေကိုဖြေကြားသွားခဲ့ပါတယ်။
No comments:
Post a Comment