ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၃)၊ ၂၀၁၂
ရခိုင်ပြည်နယ်မှာရှေးနှစ်ပေါင်းများစွာကနေထိုင်လာတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ် တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုအချိန်ထိလည်းဆေးဝါးကုသမှုမရ၊ အာဟာရ ချို့တဲ့ မှုတွေ ကြောင့်နေ့စဉ်နဲ့အမျှသေဆုံးတွေ ဆက်တိုက်ဖြစ်နေပါတယ်။
ကာတာနိုင်ငံအခြေစိုက်နာမည်ကြီးအယ်လ်ဂျဇီးရားသတင်းဌာနက ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး (၁၃) ရက်နေ့ထိ The Hidden Genocide လို့ခေါင်းစဉ်တပ်ထားတဲ့မှတ်တမ်းဗီဒီယိုတစ်ခုကိုပြသတော့မယ်လို့ သိရပါတယ်။
ဒီမှတ်တမ်းနဲ့ပတ်သက်လို့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)
လို့ခေါင်းစဉ်တပ်လို့ရတဲ့နေရာကို ကျွန်တော်တို့ရောက်နေပြီ လို့
နိုင်ငံတကာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ပညာရှင်များအသင်း ဥက္ကဌ ပါမောက္ခ
William Schabas ကပြောပါတယ်။
အယ်လ်ဂျဇီးရားရဲ့စာနယ်ဇင်းရုံးကတော့ ဇွန်လအတွင်းမှာ ၇၈ ယောက်သေဆုံးတယ်လို့မြန်မာအစိုးရက သတင်းထုတ်ပြန်တာက ရခိုင်ပြည်နယ်မှာသတ်ဖြတ်ခံ ရတဲ့နေရာတွေထဲက အစိတ်အပိုင်းတစ်နေရာက သတင်းဘဲဖြစ်တယ်လို့ဆိုပါတယ်။
အခုပြသမယ့် မှတ်တမ်းဗီဒီယိုမှာ ဇွန်လအတွင်းမှာ လူပေါင်း ၂၀၀ ကျော်ကို ငါးရက်အတွင်း သတ်ဖြတ် ခဲ့ တာ၊ ကျင်းအကြီးကြီးနှစ်ခုထဲမှာမြှပ်ခဲ့တာတွေကိုသက်သေခံမှာဖြစ်ပါတယ်။
ဒါတွေအပြင် -
အယ်လ်ဂျဇီးရားရဲ့အင်္ဂလိပ်နဲ့အရဗီအစီအစဉ်မှာဒီဇင်ဘာလ(၈)ရက်နေ့ကစပြီး(၁၃)ရက်နေ့ထိ နေ့စဉ် ပြသ မှာဖြစ်ပါတယ်။

- စစ်တပ်၊ နစက၊ လုံထိန်းတွေကပစ်သတ်လို့သေခဲ့ရတဲ့ ၃၅ ယောက် (ကလေး ၂၅ ယောက်) ကိုမြှပ် ထားတဲ့နေရာ
- သတ်ဖြတ်ခံရတဲ့လူ ၁၀၀ ကျော်ရဲ့အလောင်းတွေကို ကုန်တင်ကားနဲ့သယ်သွားတာကိုမျက်စိနဲ့ကိုယ် တိုင်မြင်ခဲ့ရတဲ့မျက်မြင်သက်သေ
- လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေရဲ့နေအိမ်တွေထဲကို ဓါတ်ဆီပုလင်းနဲ့ပစ်ပေါက်ပြီး မီးရှို့တဲ့ အကြောင်း
- ဘာသာရေးပညာရှင် ၄၀ ကိုဗလီထဲကိုခေါ်ပြီး အားလုံးကိုသတ်ပစ်လိုက်တဲ့အကြောင်း
- အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို မောင်နှမ၀မ်းကွဲ ၅ ယောက်ရှေ့မှာ ရဲတွေက မီးပုံကြီးထဲကို မီးရှို့သတ်တဲ့အကြောင်း
- အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး သေတဲ့အထိညှင်းပန်းနှိပ်စက်တဲ့အကြောင်း၊ ရဲစန်းမှာအလောင်း ၆ လောင်းမြင်ခဲ့ရတဲ့အကြောင်း
- အမျိုးသမီးတစ်ယောက်ကို စစ်သား၊ လုံထိန်း၊ နစက အယောက် (၂၀) ယောက်က၀ိုင်းပြီး မုဒိန်း ကျင့်တဲ့ အကြောင်း
အယ်လ်ဂျဇီးရားရဲ့အင်္ဂလိပ်နဲ့အရဗီအစီအစဉ်မှာဒီဇင်ဘာလ(၈)ရက်နေ့ကစပြီး(၁၃)ရက်နေ့ထိ နေ့စဉ် ပြသ မှာဖြစ်ပါတယ်။
No comments:
Post a Comment