သယံဇာပေါတဲ့ မြန်မာပြည်...........မြေပေါ်မြေ အောက် သယံဇာတ ရင်းမြစ်တွေ ကုန်ပါပြီ။ အာဏာ၇ှင် သန်းရွေ ခေတ်ကတည်းက တရုတ်ကို ရောင်းစားခဲ့တာ။ မြစ်ချောင်း၊တောတောင်၊ လယ်ယာမြေ မကျန် ရခိုင်က ဘင်္ဂလားပင်လယ်အော် ထိ တရုတ်စီးပွားဖြစ်နေပြီ။
မြန်မာနိုင်ငံမှာ ၇ှိတဲ့ သယံဇာတရင်းမြစ်ကို အစိုးရပိုင်တာမဟုတ်ပါဘူး။ ပြည်သူပိုင်တာပါ။ အစိုးရက ပြည်သူတွေကို စနစ်တကျ စီမံခန့်ခွဲ အကျိုး၇ှိအောင် အသုံးချရန် လမ်းပြရတာပါ။
ခုက အဲလိုမဟုတ် အစိုးရလုပ်သူနှင့် ခရိုနီ များ က သယံဇာတ ရင်းမြစ်များကို တရုတ် လက်ထဲအကုန်ထိုးသွင်းပြီးဖျက်ဆီးနေကြလေတယ်။ သယံဇာတရင်းမြစ် တွေကို ရောင်းချတဲ့ ငွေတွေလည်း ပြည်သူတွေဆီကို မရောက်ဘဲ အစိုး၇နှင့် ခရိုနီ အိတ်ထဲရောက်ကုန်လေတယ်။
သယံဇာတ ဆိုတာ သားစဉ်မြေးဆက် အကျိုး၇ှိအောင် အသုံးချရမယ့်အရာပါ။ နောင်လာ မျိုးဆက်သစ်တွေကို သဘာဝသယံဇာတ ကျိန်စာတွေကို မပေးသင့်ပါဘူး။
သယံဇာတရင်းမြစ်ကြောင့် အစိုးရ၊ ခရိုနီ၊ တရုတ်တွေ ချမ်းသာကြီးပွားသွားလည်း ဒီသယံဇာတ ကျိန်စာ ဆိုးကျိုးများကို ခံစားရမည့်သူတွေဟာ ဒေသခံတိုင်းရင်းသားပြည်သူ။ အများစုက ကျေးလက်နေ ဆင်းရဲသားပြည်သူပါ။
မြန်မာပြည်မှာ အဆင်း၇ဲဆုံးပြည်သူတွေဟာ ကျေးလက်နေ တောသူတောင်သားတွေပါ။ ဆင်း၇ဲတွင်းချောက်ကမ်းပါးမှာ ဒီထက်မက ဆင်းရဲဒုက္ခတွေကို မပေးသင့်ပါဘူး။ ဆင်း၇ဲမှုကို တိုက်ဖျက်နေတယ်ဆိုပြီးတော့ လယ်မြေသိမ်းမှုတွေ လည်း နေ့စဉ်ရက်ဆက် ကြားသိမြင်သိနေရတယ်။
အဆုံးစွန်ဆုံးမှာ ပြည်သူဖက်ကနေ မားမားရပ်တည်ပေးလေတဲ့ ဘုရားသားတော် သံဃာတော်များပါမချန် အကြမ်းဖက် ဆင်နွဲ တိုက်ခိုက်လေတာ မြန်မာပြည်မှာ ကပ်ဘေးဆိုးတွေ ဒီထက်မက ဖြစ်လာဦးမှာ အသေအချာပါပဲ။ ကပ်ဘေးဖြစ်လာလည်း ပြည်သူတွေပဲ နစ်နာ ဆုံးရှုံး ဒုက္ခရောက်နေဦးမှာ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုရားသားတော် သံဃာတော်များကို အာဏာရှင် လူမိုက်သန်းရွှေက ပစ်မိန့်၊ သတ်မိန့်၊ ဖမ်းမိန့်ပေးခဲ့လေတော ၂၀၀၈ မှာ နာဂစ်မုန်တိုင်းက မြစ်ဝကျွန်းပေါ်ဒေသကို မွှေနှောက်ခဲ့တာ အပြစ်မဲ့ ပြည်သူ ၁ သိန်းကျော် သေကြေပျက်စီးပြီး အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးပျက်စီးသွားလေတယ်။
မြန်မာတွေ န်ဖိုးထားတဲ့ တန်ဆောင်မုန်း လပြည့် လူသူမရှိတဲ့အချိန်၊ အိပ်မောကျနေချိန်လေးအတွင်းမှာ သံဃာတော်များကို ဓာတုပစ္စည်းပါဝင်တဲ့ မျက်ရည်ယိုဗုံးတွေနှင့် အကြမ်းဖက်ဖြိုခွဲမှု စတင်ခဲ့လေတယ်။
သံဃာတော်များစွာ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများစွာရပြီး ဖမ်းဆီးထိန်သိမ်းခံရကာ ပြည်သူများမှာလည်း သံဃာ့အရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြ ကာ ဖမ်းဆီးထိန်းသိမ်းခံနေရတာ ဘယ်သူ့လက်ချက်လဲ.........နောက်ကွယ်မှာ ဘယ်သူ၇ှိလဲ......အမျိုးဘာသာ၊သာသ နာနှင့် တိုင်းပြည် သဘာဝ သယံဇာတရင်းမြစ်တွေကို ကာကွယ်စောင့်ရှောက်ရေးသည် ပြည်သူ့အားလုံးအရေးပင်ဖြစ်ပါကြောင်း။
အာရ်ကန်သိန်း (ဖရခိုင်မြီ)
မြန်မာနိုင်ငံမှာ ၇ှိတဲ့ သယံဇာတရင်းမြစ်ကို အစိုးရပိုင်တာမဟုတ်ပါဘူး။ ပြည်သူပိုင်တာပါ။ အစိုးရက ပြည်သူတွေကို စနစ်တကျ စီမံခန့်ခွဲ အကျိုး၇ှိအောင် အသုံးချရန် လမ်းပြရတာပါ။
ခုက အဲလိုမဟုတ် အစိုးရလုပ်သူနှင့် ခရိုနီ များ က သယံဇာတ ရင်းမြစ်များကို တရုတ် လက်ထဲအကုန်ထိုးသွင်းပြီးဖျက်ဆီးနေကြလေတယ်။ သယံဇာတရင်းမြစ် တွေကို ရောင်းချတဲ့ ငွေတွေလည်း ပြည်သူတွေဆီကို မရောက်ဘဲ အစိုး၇နှင့် ခရိုနီ အိတ်ထဲရောက်ကုန်လေတယ်။
သယံဇာတ ဆိုတာ သားစဉ်မြေးဆက် အကျိုး၇ှိအောင် အသုံးချရမယ့်အရာပါ။ နောင်လာ မျိုးဆက်သစ်တွေကို သဘာဝသယံဇာတ ကျိန်စာတွေကို မပေးသင့်ပါဘူး။
သယံဇာတရင်းမြစ်ကြောင့် အစိုးရ၊ ခရိုနီ၊ တရုတ်တွေ ချမ်းသာကြီးပွားသွားလည်း ဒီသယံဇာတ ကျိန်စာ ဆိုးကျိုးများကို ခံစားရမည့်သူတွေဟာ ဒေသခံတိုင်းရင်းသားပြည်သူ။ အများစုက ကျေးလက်နေ ဆင်းရဲသားပြည်သူပါ။
မြန်မာပြည်မှာ အဆင်း၇ဲဆုံးပြည်သူတွေဟာ ကျေးလက်နေ တောသူတောင်သားတွေပါ။ ဆင်း၇ဲတွင်းချောက်ကမ်းပါးမှာ ဒီထက်မက ဆင်းရဲဒုက္ခတွေကို မပေးသင့်ပါဘူး။ ဆင်း၇ဲမှုကို တိုက်ဖျက်နေတယ်ဆိုပြီးတော့ လယ်မြေသိမ်းမှုတွေ လည်း နေ့စဉ်ရက်ဆက် ကြားသိမြင်သိနေရတယ်။
အဆုံးစွန်ဆုံးမှာ ပြည်သူဖက်ကနေ မားမားရပ်တည်ပေးလေတဲ့ ဘုရားသားတော် သံဃာတော်များပါမချန် အကြမ်းဖက် ဆင်နွဲ တိုက်ခိုက်လေတာ မြန်မာပြည်မှာ ကပ်ဘေးဆိုးတွေ ဒီထက်မက ဖြစ်လာဦးမှာ အသေအချာပါပဲ။ ကပ်ဘေးဖြစ်လာလည်း ပြည်သူတွေပဲ နစ်နာ ဆုံးရှုံး ဒုက္ခရောက်နေဦးမှာ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုရားသားတော် သံဃာတော်များကို အာဏာရှင် လူမိုက်သန်းရွှေက ပစ်မိန့်၊ သတ်မိန့်၊ ဖမ်းမိန့်ပေးခဲ့လေတော ၂၀၀၈ မှာ နာဂစ်မုန်တိုင်းက မြစ်ဝကျွန်းပေါ်ဒေသကို မွှေနှောက်ခဲ့တာ အပြစ်မဲ့ ပြည်သူ ၁ သိန်းကျော် သေကြေပျက်စီးပြီး အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးပျက်စီးသွားလေတယ်။
မြန်မာတွေ န်ဖိုးထားတဲ့ တန်ဆောင်မုန်း လပြည့် လူသူမရှိတဲ့အချိန်၊ အိပ်မောကျနေချိန်လေးအတွင်းမှာ သံဃာတော်များကို ဓာတုပစ္စည်းပါဝင်တဲ့ မျက်ရည်ယိုဗုံးတွေနှင့် အကြမ်းဖက်ဖြိုခွဲမှု စတင်ခဲ့လေတယ်။
သံဃာတော်များစွာ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများစွာရပြီး ဖမ်းဆီးထိန်သိမ်းခံရကာ ပြည်သူများမှာလည်း သံဃာ့အရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြ ကာ ဖမ်းဆီးထိန်းသိမ်းခံနေရတာ ဘယ်သူ့လက်ချက်လဲ.........နောက်က
အာရ်ကန်သိန်း (ဖရခိုင်မြီ)
No comments:
Post a Comment