Thursday, December 6, 2012

မြန်မာ - အမေရိကန်ကမ္ဘာအနှံ့ပထမဆုံး ငွေလွှဲ စတင်


ရန်ကုန်၊ဒီဇင်ဘာ ၅

နိုင်ငံပေါင်း၂၀၀ ကျော်တွင်ငွေပေးချေခြင်း လုပ်ငန်းများဆောင်ရွက်နေ သည့်အမေရိကန် အခြေစိုက် Western Union Company က မြန်မာ အရှေ့တိုင်းဘဏ် (MOB) နှင့်ချိတ်ဆက်ကာ ကမ္ဘာအနှံ့ငွေလွှဲ ပို့ခြင်းကို စတင်နေပြီဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ်၏ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်းဝင်းကThe Voice Weekly သို့ပြောကြား သည်။

နိုင်ငံခြားမှလွှဲငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ မြန်မာ ငွေလှဲနှုန်း ကိုအခြေခံ၍ Western Union ကသတ်မှတ်ကာ မြန်မာကျပ်ငွေ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ပြီးလွှဲငွေပမာဏနှင့် အကြိမ် အရေတွက် ကန့်သတ်မှုမရှိကြောင်း ၎င်းက ဆိုသည်


မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်၁၉ နေရာတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန် မြို့တော်တွင်မြန်မာ အရှေ့တိုင်းဘဏ်ခွဲ၈ နေရာတွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ပြည်ပ နိုင်ငံများမှနိုင်ငံခြားသားများနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ၏ငွေလွှဲပို့ခြင်းများကိုစတင် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘက်မှ ပြည်ပ နိုင်ငံများသို့လက်ရှိအချိန် တွင်ငွေလွှဲ၍ မရနိုင်သေးသော်လည်းနောက်ပိုင်းတွင်ရရှိရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။


ငွေလွှဲထုတ်ယူမည့်သူသည်ကိုယ်တိုင်လာရောက် ထုတ်ယူရမည်ဖြစ်ပြီးမှတ်ပုံတင်၊တဖက်မှ ငွေလွဲပို့ သူ၏အမည်အပြည့်အစုံနှင့် နိုင်ငံအမည်၊လွှဲငွေ ပမာဏနှင့်ငွေလွှဲသူမှ ငွေလက်ခံသူကို ကြိုတင် ပြောကြားထားမည့်MTCN (Money Transfer Control Number) နံပါတ် အတိအကျ စသည်တို့ ပြည့်စုံလျှင်ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်းMOB ဘဏ်ထံမှသိရသည်။


မြန်မာနိုင်ငံ ပြင်ပတွင်ရောက်ရှိနေသော နိုင်ငံသား များသည်တရားဝင် နိုင်ငံခြားငွေ လွှဲခြင်းများအစား ယုံကြည်ရရန် ခက်ခဲသည့်ဟွန်ဒီ ကိုသာ အားကိုး လာခဲ့ရာမှမြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကပုဂ္ဂလိက ဘဏ် ၁၄ ခုကိုနိုင်ငံခြားငွေလွှဲ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ရာ သမဝါယမ ဘဏ်၊ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တို့ကထိုင်း၊မလေးရှား၊စင်ကာပူ တို့နှင့်အပြန်အလှန် ငွေလွှဲခြင်းလုပ်ကိုင်ပြီးမြန်မာ အရှေ့တိုင်းဘဏ်ကကမ္ဘာအနှံ့ ငွေလွှဲခြင်းစတင် လုပ်ကိုင်လာခြင်းဖြစ်သည်။


ကမ္ဘာအနှံ့ငွေလွှဲခြင်းကို မြန်မာ အရှေ့တိုင်း ဘဏ်ခွဲများရှိရာ ရန်ကုန်၊မန္တလေး၊မုံရွာ၊မကွေး၊ တောင်တွင်းကြီး၊တောင်ငူ၊ ပြည်၊ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ မြိတ်မြို့တို့၌ စက်တင်ဘာ လကုန်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းMOB ဘဏ်မှစုံစမ်းသိရှိရသည်။

No comments:

Post a Comment