Monday, December 17, 2012

၂၀၁၂ အတွက် ကမ္ဘာ့သြဇာ အကြီးမားဆုံး မွတ်စလင်မ် ၅၀၀ စာအုပ်ထွက်

၂၀၁၂ အတွက် ကမ္ဘာ့သြဇာ အကြီးမားဆုံး မွတ်စလင်မ် ၅၀၀ စာအုပ်ထွက်
ကမ္ဘာ့မွတ်စလင်မ်ညီနောင်များ ကမ္ဘာ့မွတ်စလင်မ်သတင်း ၆)
မွတ်စလင်မ်ကမ္ဘာအပေါ် ကမ္ဘာ့လက်ရှိ ဖြစ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုကို လှစ်ပာပြသလိုက်တဲ့ ကမ္ဘာ့သြဇာ အကြီးမားဆုံး မွတ်စလင်မ် ၅၀၀ နှစ်ပတ်လည် စာရင်းပာာ ယနေ့ကမ္ဘာကြီးအပေါ် အစ္စလာမ်နဲ့ မွတ်စလင်မ်ပေါင်းစုံတို့ရဲ့ မတူကွဲပြားတဲ့နည်းလမ်းအသွယ်သွယ်နဲ့အကျိုးသက်ရောက်ပုံတွေကို ပြည်သူတွေ နားလည်းစေဖို့အတွက် ထွက်ပေါ်လာပါပြိလို့ 0nislam သတင်းတစ်ရပ်မှာဖေါ်ပြပါတယ်။

ကွန်မြူနတီအပေါ် သြဇာလွှမ်းမိုးတဲ့ မွတ်စလင်မ်တွေ (၀ါ) ကွန်မြူနတီရဲ့ ကိုယ်စားလှယ်တွေကို ဒီထုတ်ဝေမှုမှာ ရွေးထုတ်ပြထားပါတယ်လို့ မွတ်စလင်မ် ၅၀၀ စာအုပ် အယ်ဒီတာ အဗ္ဗဒွလ်ရှအီဖားဟ်က ပြောပါတယ်။ သူဟာ ကိုင်ရိုရှိ အမေရိကန်တက္ကသိုလ်က အငြိမ်းစား ပရောဖက်ဆာတစ်ဦးဖြစ်ပြီး ဒီစာအုပ်ရဲ့ နိဒါန်းမှာ ၎င်းက အထက်ပါအတိုင်းရေးသားခဲ့တာ ဖြစ်ပါတယ်။

သြဇာလွမ်းမိုးမှုဟာ ဘာသာရေးပညာရှင်တွေက မွတ်စလင်မ်တွေအပေါ် မိန့်ခွန်းတွေ၊ မွတ်စလင်မ်တွေရဲ့ ယုံကြည်မှု၊ အတွေးအခေါ်နဲ့ အပြုအမှုတွေအပေါ်မှာ တိုက်ရိုက်လွမ်းမိုးမှုရှိတဲ့ ဘာသာရေး ပညာရှင်တွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ပြည်သူတွေရဲ့ ဘ၀ရှင်သန်မှု လူမှုစီးပွားရေးအပေါ် ထက်မြက်တဲ့ အုပ်ချုပ်သူလည်း ဖြစ်နိုင်ပါတယ်

လို့ အဗ္ဗဒွလ်ရှအီဖားဟ်က ဆက်လက်ပြောပါတယ်။

၂၀၁၂ ရဲ့ သြဇာတိက္ကမ အကြီးဆုံး မွတ်စလင်မ် ၅၀၀ စာအုပ်ကို ၂၀၀၉ ခုနှစ်ကတည်းက (ဂျော်ဒန်နိုင်ငံ) အဒ်မန်ရှိ တော်ဝင်အစ္စလာမ့် ဗျူဟာလေ့လာရေး စင်တာက ထုတ်ဝေခဲ့တာဖြစ်ပြီး ယခုနှစ်ဆိုရင် ၄ ကြိမ်မြောက် ရှိပါပြီ။

ဒီစာအုပ်မှာ ကဏ္ဍစုံ သြဇာ အကြီးမားဆုံး မွတ်စလင် ၅၀ စာရင်းနဲ့ အစပြုပြီး ကျန်ရှိတဲ့ ၄၅၀ စာရင်းကိုတော့ ကဏ္ဍ ၁၅ခု ခွဲထားပါတယ်။

နိုင်ငံရေးနယ်ပယ်မှသည် ဘာသာရေး၊ မီဒီယာ၊ အနုပညာ၊ သိပ္ပံနဲ့ ဖွံ့ဖြိုးရေးကဏ္ဍ တွေအထိ ပါဝင်ပါတယ်။ ဒီ ၄၅၀ စာရင်းမှာတော့ အဆင့် သတ်မှတ်ပေးမထားပါဘူး။ ထိပ်ဆုံး ဆယ်နေရာကိုတော့ နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေကပဲ သိမ်းပိုက်ထားပါတယ်။

နံပါတ်တစ်နေရာကို ဆော်ဒီဘုရင် အဗ္ဗဒွလ္လာဟ်၊ နံပါတ်နှစ် နေရာမှာတော့ တူရကီဝန်ကြီး ရီဆက်သွိုင်ယိဗ် အာဒိုဂန်၊ နံပါတ်သုံးနေရာမှာတော့ မော်ရိုကိုဘုရင် မုဟမ္မဒ်(၆)၊ နံပါတ်လေးနေရာကိုတော့ မွတ်စလင်မ် ဘရားသားဟုဒ်ရဲ့ ခေါင်းဆောင်ကြီး ဒေါက်တာ မုဟမ္မဒ် ဘဒီးနဲ့ နံပါတ်ငါးနေရာကိုတော့ ကာတာရှိုင်ခ် ဟာမိဒ်ဘင်ခလီဖွာတို့က အသီးသီးရရှိပါတယ်။

အလ်အဇ်ဟရ်တက္ကသိုလ်ရဲ့ အဓိပတိ ရှိုင်ခွလ်အဇ်ဟာရ် ဒေါက်တာ အဟ်မဒ်သိုင်ယိဗ် နဲ့ နာမည်ကျော် မွတ်စလင် ပညာရှင်ကြီးလည်းဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ မွတ်စလင်မ် ပညာရှင်များ အစည်းအရုံးရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ ဒေါက်တာယူစွဖ်ကရဒွါဝီက ထိပ်ဆုံးဆယ်ဦး စာရင်းဝင်ပါတယ်။

No comments:

Post a Comment