Wednesday, December 19, 2012

ဇိမ်ခံ လေယာဉ်ကြီးကို ဆော်ဒီမင်းသား ဝယ်ယူ


ကြွယ်ဝ ချမ်းသာသည့် ဆော်ဒီမင်းသား အယ်ဝါလိထ် ဘင်တာလာသည် အမေရိကန် ဒေါ်လာ ၄၈၅ သန်းတန်ဖိုးရှိ ကမ္ဘာ့တန်ဖိုး အကြီးဆုံး နန်းတော်ပျံကြီးဟု တင်စားခြင်း ခံရသည့် Airbus-A380 ဇိမ်ခံ လေယာဉ်ကြီး တစ်စင်းကို ဝယ်ယူခဲ့ကြောင်း Arabian Business သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။ ဆော်ဒီမင်းသားသည် မကြာသေးမီက အဆိုပါ ဝယ်သူစိတ်ကြိုက် အထူးထုတ် လုပ်ပေးထားသည့် ဇိမ်ခံ လေယာဉ် အတွက် အမေရိကန် ဒေါ်လာ ၄၈၅သန်း ပေးချေခဲ့ကြောင်း သိရသည်။ ဆော်ဒီ မင်းသား ဝယ်ယူသည့် အဆိုပါ လေယာဉ်ကြီးတွင် အိပ်ခန်း လေးခန်း တူရကီ ရေချိုးခန်း တစ်ခန်း၊ Rolls- Royce ကားထားရာ ဂိုဒေါင်တစ်ခု၊ ခန်းမတစ်ခု၊ ဘုတ်အဖွဲ့အစည်း အဝေးခန်း တစ်ခန်း၊ ဘုရားဝတ်ပြုသည့် အခန်း၊ ဘုရင့်ခန်းမဆောင် တစ်ခု၊ လေယာဉ် အတွင်းရှိ အထပ်များသို့ သွားလာနိုင်မည့် ဓာတ်လှေကား တစ်ခုတို့ ပါဝင်သည်ဟု သိရသည်။ ၄င်းလေယာဉ်အား လာမည့်နှစ်တွင် ဆော်ဒီ အာရေဗျ နိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း Airbus ကုမ္ပဏီမှ အရှေ့ အလယ်ပိုင်း ဌာနခွဲ ဥက္ကဋ္ဌက ပြောကြား ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment