အထူးသတင်း မြန်မာမွတ်စလင်မ်သတင်း ♦♦♦ ၂၄ နိုဝင်ဘာလ ၂၀၁၂
မြောက်ဦးမြို့နယ်၊ ပီပင်ရင်းရွာရှိ ဗလီ ၀တ်ကျောင်းတော်တစ်လုံးအား ယခုလ ၁၀ ရက်နေ့မှစ၍ အဓမ္မ ပိတ်သိမ်းထားကြောင်းနှင့် ယခုရက်ပိုင်းအတွင်း တပ်သားများနှင့် သံဃာတော်များ ဗလီအနီးရှိ စာသင်ကျောင်းတော် အတွင်း ညအိပ်ညနေ ပြုလုပ်လာမှုများကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ဗလီကို ဒီလ ၁၀ ရက်နေ့ကတည်းက ပိတ်ထားတာပါ၊ ရခိုင်ဗုဒ္ဓဘာသာတွေက ခင်ဗျားတို့ကို ပြဿနာရှာဖို့ လုပ်နေတယ်၊ ပြဿနာ တက်နိုင်တယ်လို့ တပ်က ပြောပြီး လာပိတ်ထားတာပါဟု မြောက်ဦးမြို့နယ်၊ ပီပင်ရင်းရွာရှိ အစ္စလာမ် ဘာသာဝင်တစ်ဦးက myanmarmuslim.net သို့ ပြောသည်။
အဓမ္မပိတ်သိမ်းချိန် ၂ ပတ်ခန့် ရှိချိန်၌ တပ်ရင်း ၃၇၂ မှ တပ်သားများ သာမက သင်္ဃန်းခြုံထားသည့် ပုဂ္ဂိုလ်အချို့ကပါ အမှတ် ၃ ဗလီအနီး ဘာသာရေးကျောင်း အတွင်း ၀င်ရောက်ခြင်း၊ ညအိပ်ညနေပြုလုပ်ကာ အစည်းအဝေးများ ပြုလုပ်နေကြသဖြင့် ဒေသခံမွတ်စလင်ထုက စိုးရိမ်လျှက်ရှိသည်။
မြောက်ဦးမြို့နယ် ပီပင်ရင်းရွာတွင် မွတ်စလင်မ်အိမ်ခြေ ၅၀၀ ၀န်းကျင်နှင့် လူဦးရေး ၃၈၀၀ နီးပါးရှိကြောင်း သိရသည်။ မြောက်ဦးမြို့နယ် ပီပင်ရင်းရွာတွင် အဓမ္မ အပိတ်ခံထားရသည့် အမှတ် ၃ ဗလီဝတ် ကျောင်းတော်အပါအ၀င် စုစုပေါင်း ဗလီ ၄ လုံးရှိသည်။
No comments:
Post a Comment