Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Friday, February 21, 2014

အင်ဒိုနီးရှားကို အတုယူဖို့ ကရင်ခေါင်းဆောင်တွေပြောဆို

မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ အတူယှဉ်တွဲနေ ထိုင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ပြောင်းလဲပုံကို မြန်မာအနေနဲ့ အတုယူသင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက အင်ဒိုနီးရှားနိုင်ငံမှာ အင်္ဂါနေ့က ပြောလိုက်တဲ့ အကြောင်း ၁၉ ရက် မနေ့ကထုတ်တဲ့ ဂျကာတာပို့စ် သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။

ဂျကာတာမြို့က THC ခေါ် The Habibie Center မှာ ၂ ရက်တာပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှား-မြန်မာ ဆွေးနွေးပွဲမှာ ပဒိုကွယ်ထူးဝင်းက ပြောလိုက်တာပါ။ ဒါ့အပြင် သူက ယဉ်ကျေးမှုများစွာ တည်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အောင်မြင်အောင် ထိမ်းသိမ်းထားနိုင် တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားတောင် အဲဒီလိုဆောင်ရွက်နိုင်ရင် မိမိတို့ မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် မဆောင်ရွက်နိုင်ရမှာလဲလို့ ဆိုပါတယ်။ ဒါဟာ အစိုးရရဲ့ ဦးဆောင်မှုနဲ့  တိုင်းရင်းသားအဖွဲ့ တွေပေါ်မှာ မူတည်နေတယ်လို့  KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ပြောပါတယ်။

THC ဥက္ကဌ မစ္စ ဒေဝီအဏ္ဏဝါက အင်ဒိုနီးရှားနဲ့ မြန်မာကို နှိုင်းယဉ်ကြည့်ရင် တိုင်းတပါး ကိုလိုနီလက်အောက်မှာ နှစ်ကာလအတော်ကြာနေခဲ့ရတာမျိုး၊ ပုံသဏ္ဍန်တူတာတွေ တော်တော်များ များ တွေ့ရတဲ့အကြောင်း၊ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါ အပြန်အလှန် လေ့လာစရာတွေ ရှိတဲ့အကြောင်း၊ အခုလိုဆွေးနွေးပွဲမျိုးကနေ ဒီမိုကရေစီမြှင့်တင်ဖို့ မိတ်ဆွေကောင်းတွေ ဖြစ်နိုင် တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

Thursday, February 6, 2014

ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူရန် အစီအစဉ်မရှိဟုဆို

စိုးသန်းလင်း|ဖေဖော်ဝါရီ ၆ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည် ဟူသည့် သမ္မတသ၀ဏ်လွှာ အရ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ စစ်ဆေးခဲ့သည်နှင့် ပတ်သက်ပြီး ၄င်းအား မိခင်ပါတီနှင့် လွှတ်တော်တို့ က စစ်ဆေးအရေးယူ ရန် အစီအစဉ် ရှိနိုင်ပါသလား ဟူသော မဇိ္ဈမ၏အမေးကို ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် တရားစီ ရင်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

“အခုအထိတော့ အစီအစဉ် မရှိသေးပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တ နားချိန်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် သည် ပြည်ခိုင်ဖြိုး ပါတီဝင်
 ဖြစ်သော ကြောင့် မိခင်ပါတီအနေဖြင့် ၎င်းအားစစ်ဆေး အရေးယူသွားဖို့ ရှိပါသလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်မသိ ဘူး။ မတွေ့ဘူး။ ပါတီအနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ်ဟုတ်တယ်ဆိုရင် ကာယကံရှင် ကလည်း သတင်းပို့လို့ရတာပဲ။ ဌာနဆိုင်ရာကလည်း သတင်းပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်းပို့တာ မရှိသေးပါဘူး။ လွှတ်တော်ကိုလည်း သတင်းပို့ ရမှာပဲ။ အခုလွှတ်တော် ဘက်ကလည်း ဘာမှ သတင်းမကြားပါဘူး။ သိလာရင်တော့ သိတဲ့အပေါ်မူတည်ပြီး စဉ်းစားမှာပေါ့” ဟု ပြန်လည်ဖြေ ကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် အာဏာရပါတီလည်းဖြစ်ပေရာ ၎င်းပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိ၍ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် သည့် သူရဦးရွှေမန်းထံသို့ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်အား စစ်ဆေးခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က စစ်ဆေးခဲ့ခြင်းကို ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌတစ်ဦးဖြစ်သော ဦးဌေးဦးက လုံးဝမသိကြောင်း ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

ပြည်ထဲရေးက ၎င်းအား စုံစမ်းမေးမြန်းစဉ် အဆင်ပြေမှု ရှိ၊မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေပါတယ်။ သူတို့ သိချင်တာတွေကို မေးတာပါ။ ကျွန်တော်ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော်ရှင်းပြတာကတော့ ဒီလိုစွပ်စွဲတာသည် ဒီဗွီဘီရဲ့ သတင်းခေါင်းစဉ်ကြောင့်သာ ဖြစ်ရတာပါ။ စာသားထဲမှာလည်း မပါဘူး။ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ဖြေတာမျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည် သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်လို့ ရွာသားတွေက တင်ပြလာတာကို ပြန်ပြော ရတဲ့ သဘောဖြစ်တယ် ဆို တာ ရှင်းပြပါတယ်။ သတင်းဌာနကလွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။

ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ်တွေ့ဆုံမေးမြန်း ချိန်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလောဆယ်၌ လွှတ်တော်ကရော၊ ပြည်ခိုင်ဖြိုး ပါတီကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အပေါ် စစ်ဆေးအရေးယူမှု မရှိသေးပေ။

Mizzima - News in Burmese

M-MediaLink =>
https://www.facebook.com/permalink.php?story_fbid=715090488525859&id=216265185075061&stream_ref=1

Tuesday, January 28, 2014

ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများတွေ့ရှိ

ရခိုင်ပြည်နယ် / ဘူးသီးတောင်မြို့ မှ မောင်တောမြို့သို့ သွားရာလမ်းဘေးရှိ တပ်မင်းချောင်းကျေးရွာအနီး ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် ၂၆ / ၀၁ / ၂၀၁၄ နေ့ ညနေပိုင်းအချိန် ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

တွေ့ရှိပုံမှာ တပ်မင်းချောင်းရွာမှ နွားကျောင်းသားများ နွားကျောင်းရင်း အပုပ်နံ့ထွက်နေ၍ ယင်းနေရာအား တူးဆွကြည့်ကြရာ ပုံစံမျိုးစုံဖြင့် အသတ်ခံထားရသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိကြောင်းသိရသည်။

အနီးအနားရှိရွာသားများ ၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်းတွင် သွားရောက်ကြည့်ရှု့ကြရာ ခလရ ၂၃၄ မှ ကြည့်ရှု့ခွင့် မပေးပဲ တားဆီးခဲ့ကြောင်းသိရသည်။

၎င်း ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိရာနေရာသည် တပ်မင်းချောင်းရွာ အနီးတွင်ရှိသော ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်း မြေနေရာဖြစ်ကြောင်း သိရသည်။

၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်း တွင် စောလျင်စွာကြည့်ရှု့ခွင့်ရသော ရွာသားများမှာ ၎င်း ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် မြှုပ်နှံထားသော ပုပ်ပွ ရိုဟင်ဂျာ ရုပ်အလောင်း များစွာ တွေ့ခဲ့ကြကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။

မကြာသေးမီ လများအတွင်းက နည်းမျိုးစုံဖြင့် အသတ်ခံထား ရိုဟင်ဂျာတိုင်းရင်းသားများ၏ ရုပ်အလောင်းများမှာ ပုပ်ပွနေ၍ စိတ်မချမ်းမြေ့ ဖြစ်ရပါကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။

သတင်း - အပုချေ ( မာန်အောင်ကျွန်း )

Tuesday, January 7, 2014

ဝန်ထမ်းများ လစာတိုးမည်၊ ကုန်ဈေးနှုန်းမြင့်မည်မဟုတ်

Tuesday, January 7, 2014

၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဝန်ထမ်းများအားလုံးအား သတ်မှတ်လစာထက် ကျပ်နှစ်သောင်းကို ထပ်မံတိုးမြှင့်နိုင်ရေးအတွက် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအတွင်း၌ ပါဝင်ခဲ့ကြောင်း ဒီဇင်ဘာ(၇)ရက်နေ့ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှ သိရှိရသည်။

နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ပေးရန်အတွက် သမ္မတမှ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးချက် များပြီးမှသာ တိုးမြှင့်နိုင်ရေးမှာ သေချာမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။

“အချက်နှစ်ချက်နဲ့ တိုးမြှင့်ပေးတာပါ၊ ကျပ်နှစ်သောင်းအပြင် ပင်စင်လစာနဲ့ ဆုကြေးငွေတွေ တိုးမြှင့်ပေးဖို့လည်း ပါဝင်ပါတယ်” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

လစာတိုးမြှင့်ပေးရသည့် အချက်နှစ်ချက်မှာ ရသုံးခန့်မှန်းငွေများအား စာရင်းချုပ်ရာ၌ စီးပွားရေးလုပ်ငန်းများ များပြားလာခြင်း၊ အခွန်ရရှိမှုများလာခြင်းနှင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းတို့အား ကာမိစေရန်အတွက် တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

“လစာတိုးတယ်ဆိုတာ တကယ်မလွယ်ပါဘူး၊ ရာထူးကြီးတွေထက် အောက်ခြေက ရာထူးငယ်တွေက ပိုပြီး တိုးသင့်ပါတယ်၊ သူတို့တွေ ရတဲ့လစာနဲ့ အတော်ကို ခက်ခဲနေတာ တကယ်ပါပဲ” ဟု တပ်မတော်မှအရာရှိတစ်ဦးက လစာတိုးမြှင့်မှုနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ဝန်ထမ်းလစာတိုးမြှင့်ပါက ကုန်ဈေးနှုန်းများ တိုးမြင့်လာနိုင်သော်လည်း အသေးစိတ် (မိုင်ခရို) အချက်အလက်များမှ စတင် တွက်ချက်ပြီး လုပ်ဆောင်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်လာဖွယ် မရှိကြောင်း ဦးရဲထွဋ်က ပြောဆိုထားသည်။

ယခုကဲ့သို့ လစာတိုးမြှင့်ပေးခြင်းသည့် နိုင်ငံတော်သမ္မတဦးစိန်းတာဝန်ယူပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် လစာတိုးမြင့်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပါက လာမည့် ၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ်၌ ၀န်ထမ်းများအားလုံး ကျပ်နှစ်သောင်းထက်မံတိုးမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

Myit Ma Kha Media Group.

သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ဇော်ဇော်ထွေး ရန်ကုန် ၊ မဇ္ဈိမ ။ ။ တက္ကစီ စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင် များက 
လေးဒေါင့် ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။ စောင့်ဆိုင်းနေစဉ် ပရိုဘောက် အဖြူရောင်အငှားယာဉ်အား ငှားစီးလာသူ ရဟန်းဝတ် ဦးခေမိန္ဒ(ခ)စိုးဖြူအောင် (၄၅)နှစ်နှင့် ကိုကိုဝင်း (၃၉)နှစ်ဆိုသူတို့ကို ထိန်းသိမ်းပြီး ငမိုးရိပ်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆောင် စစ်ဆေးခဲ့ကြသည်။ ထို့ကြောင့် ဦးခေမိန္ဒ လွယ်ထားသော ထိုင်းစာတန်းပါ အဝါရောင်လွယ်အိတ်အတွင်းမှ အစိမ်းရောင် ကြွပ်ကြွပ်အိတ်အတွင်း အဖြူရောင် ပလပ်စတစ်များနှင့် ထုပ်ထားသော ICE (၅၀၀) ဂရမ်ကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါ ICE မူးယစ်ဆေးဝါးများမှာ တစ်ဂရမ်သည် ကာလတန်ဖိုး (၂၀၀၀၀)ကျပ် ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၀၀) တန်ကြေးရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းအပြင် အဆိုပါ သံဃာထံမှ လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဦးကိုကိုဝင်းထံမှလည်း လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းခဲ့သည်။ လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ရဟန်းကို မြို့နယ် သံဃာ့နာယကအတွင်းရေးမှူး ဆရာတော် က လူဝတ်လဲပေးခဲ့ပြီး ဥပဒေအရ အရေးယူမှု ပြုနိုင်ရန် အပ်နှံပေးခဲ့သည်။ ထို့ကြောင့် ဦးခေမိန္ဒ(ခ) စိုးဖြူအောင်နှင့် ဦးကိုကိုဝင်းတို့အပေါ် အရေးယူပေးရန် ရဲအုပ် ဝင်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ) ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ တို့ဖြင့် တရားစွဲတင်နိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်။ Mizzima

Wednesday, January 1, 2014

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်း များသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံ မှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများ ကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများ ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf