Tuesday, January 28, 2014

ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများတွေ့ရှိ

ရခိုင်ပြည်နယ် / ဘူးသီးတောင်မြို့ မှ မောင်တောမြို့သို့ သွားရာလမ်းဘေးရှိ တပ်မင်းချောင်းကျေးရွာအနီး ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် ၂၆ / ၀၁ / ၂၀၁၄ နေ့ ညနေပိုင်းအချိန် ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

တွေ့ရှိပုံမှာ တပ်မင်းချောင်းရွာမှ နွားကျောင်းသားများ နွားကျောင်းရင်း အပုပ်နံ့ထွက်နေ၍ ယင်းနေရာအား တူးဆွကြည့်ကြရာ ပုံစံမျိုးစုံဖြင့် အသတ်ခံထားရသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိကြောင်းသိရသည်။

အနီးအနားရှိရွာသားများ ၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်းတွင် သွားရောက်ကြည့်ရှု့ကြရာ ခလရ ၂၃၄ မှ ကြည့်ရှု့ခွင့် မပေးပဲ တားဆီးခဲ့ကြောင်းသိရသည်။

၎င်း ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိရာနေရာသည် တပ်မင်းချောင်းရွာ အနီးတွင်ရှိသော ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်း မြေနေရာဖြစ်ကြောင်း သိရသည်။

၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်း တွင် စောလျင်စွာကြည့်ရှု့ခွင့်ရသော ရွာသားများမှာ ၎င်း ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် မြှုပ်နှံထားသော ပုပ်ပွ ရိုဟင်ဂျာ ရုပ်အလောင်း များစွာ တွေ့ခဲ့ကြကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။

မကြာသေးမီ လများအတွင်းက နည်းမျိုးစုံဖြင့် အသတ်ခံထား ရိုဟင်ဂျာတိုင်းရင်းသားများ၏ ရုပ်အလောင်းများမှာ ပုပ်ပွနေ၍ စိတ်မချမ်းမြေ့ ဖြစ်ရပါကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။

သတင်း - အပုချေ ( မာန်အောင်ကျွန်း )

No comments:

Post a Comment