ရန်ကုန်၊ စက်တင်ဘာ ၂
မလေးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မလေးရှားကုမ္ပဏီ ၆၀ ကျော်ပါဝင်မည့် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ စက်တင်ဘာလ ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲကို စီစဉ်ကျင်းပမည့် Malaysia External Trade Development Corporation (Matrade) ထံမှ သိရသည်။
မလေးရှားနိုင်ငံမှ ကုမ္ပဏီ ၆၀ ကျော်က ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ နည်းပညာဆိုင်ရာ ထုတ်ကုန်များ၊ စက်မှုလုပ်ငန်းသုံး ထုတ်ကုန်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အစားအသောက်နှင့် အဝတ်အထည်များ၊ လက်မှုပစ္စည်းများနှင့် လက်ဝတ်ရတနာများ ပြသကြမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။
“ပြည်ပကုန်စည်ပြပွဲတွေ နောက်ပိုင်းများလာတယ်။ အဓိကကတော့ သူတို့ဆီက ထုတ်ကုန်တွေကို ဒီမှာလာမိတ်ဆက်တာ။ သူတို့လို ပြန်လုပ်နိုင်အောင် ကြိုးစားရမယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ မလေးရှားကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်ကလည်း Matrade က ဦးစီး၍ ကျင်းပခဲ့ဖူးသည်။
မြန်မာ-မလေးရှားနှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၃ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၃၅ သန်းအထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
မလေးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မလေးရှားကုမ္ပဏီ ၆၀ ကျော်ပါဝင်မည့် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ စက်တင်ဘာလ ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲကို စီစဉ်ကျင်းပမည့် Malaysia External Trade Development Corporation (Matrade) ထံမှ သိရသည်။
မလေးရှားနိုင်ငံမှ ကုမ္ပဏီ ၆၀ ကျော်က ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ နည်းပညာဆိုင်ရာ ထုတ်ကုန်များ၊ စက်မှုလုပ်ငန်းသုံး ထုတ်ကုန်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အစားအသောက်နှင့် အဝတ်အထည်များ၊ လက်မှုပစ္စည်းများနှင့် လက်ဝတ်ရတနာများ ပြသကြမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။
“ပြည်ပကုန်စည်ပြပွဲတွေ နောက်ပိုင်းများလာတယ်။ အဓိကကတော့ သူတို့ဆီက ထုတ်ကုန်တွေကို ဒီမှာလာမိတ်ဆက်တာ။ သူတို့လို ပြန်လုပ်နိုင်အောင် ကြိုးစားရမယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမ
အဆိုပါ မလေးရှားကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်ကလည်း Matrade က ဦးစီး၍ ကျင်းပခဲ့ဖူးသည်။
မြန်မာ-မလေးရှားနှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၃ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၃၅ သန်းအထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
No comments:
Post a Comment