Tuesday, September 3, 2013

မြန်မာ နိုင်ငံ ကင်ဆာ ရောဂါ ဖြစ်ပွားမှု မြင့်မား ခြင်းမှာ ပိုးသတ်ဆေး နှင့် ဓာတု ပစ္စည်း များကြောင့်ဖြစ်

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး မှ ထုတ်ပြန် သည့် အစီရင် ခံစာ အရ မြန် မာ နို င်ငံ သည် ကမ္ဘာပေါ် တွင် ကင်ဆာ အဖြစ် အများဆုံး ၁၀ နိုင်ငံ တွင် ပါဝ င် နေကြောင်း သိရသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ချက် အရ ကင် ဆာ ရောဂါ ဖြစ်ပွားရခြင်း ၏ အဓိက အကြောင်း ရင်း များမှာ ဓာတု ပစ္စည်း များနှင့် ပိုးသတ်ဆေး များကြောင့် ဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသုံး သူ အသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင် ၏ ပြောပြချက် အရ သိရသည်။

ဆက် လက်၍ ၄င်းက " ပိုးသတ်ဆေး ကြောင့်လည်း ကင်ဆာ ရော ဂါ ဖြစ် ပွား နိုင်ကြောင်း ဓာတုဆေး တွေ ပါဝင်နေတဲ့ အစားအစာ များကို ပြည် သူတွေ အနေနဲ့ ရှောင်လို့ ရကောင်း ရနိုင်ကြောင်း ၊ ရှောင်လို့ မရတာက ပိုး သတ်ဆေး ပင် ဖြစ်ကြောင်း ၊ အသီးအနှံ တွေက ပြည်သူတွေ အစား အများ ဆုံး စားသင့်တဲ့ အစားအစာ လည်းဖြစ်ပြီး အာဟာရ ၅ မျိုးလောက် ရနိုင်ေ ကြာင်း ၊ ရောဂါကို ကာကွယ်တဲ့ နေရာမှာလည်း အသုံးဝင်ကြောင်း ၊ ဒါပေ မယ့် အခုအခါ အသီးအနှံ တွေမှာ ပိုးသတ်ဆေး တွေ လွန်ကဲစွာ အသုံးပြု နေ ကြ သဖြင့် သီးနှံစားပြီး အစာ အဆိပ်သင့်တဲ့ ပြဿ နာတွေ ဖြစ် လာကြောင်း ၊ ထို့ကြောင့် လည်း ပြည်သူတွေ အနေနဲ့ ဓာတု ပစ္စည်းများ မပါတဲ့ အစား အစာတွေ ၊ ပိုးသတ်ဆေး မပါတဲ့ အာဟာရ အသီးအရွက် တွေ ကိုသာ စားသုံး သင့် တယ် .... " ဟု ယူဆ ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ပြည်သူ များ အသုံးပြု နေသည့် ပလတ် စတစ် နှင့် ဖော့ဘူး များ ၊ ဓာတုဆေး ၀ါး များ ၊ ကြာရှည် ခံ ဆိုးဆေးများ ၊ အရောင် ချွတ်ဆေး များ ၊ ကော်ဖီ မစ် များ အစရှိတဲ့ ဓာတု ပစ္စည်း ပါဝင်မှု များကြောင်း ဖြစ်ေ ကြာင်း ၊ စားသောက် ဆိုင် များတွင် အသုံးပြု နေသော ဖော့ဘူး များတွင် စတိုးရင်း ( Styrene ) ဓာတ် ပါဝင် သည့် 2B ပလတ် စတစ် အုပ်စုဝင်များ ပါဝင်မှု ကြောင့် အချိုရည် နှင့် ဂျယ်လီများ ၊ အချဉ်ရည်များ ၊ ဆေးလိပ်များ ၊ အကင်များ ကြောင့် လည်း ဖြစ်ကြောင်း သိရှိ ရသည်။

No comments:

Post a Comment