Thursday, May 2, 2013

Projector ထည့်သွင်းထားတဲ့ Promate LumiTab Tablet

တက်ဘလက်ဆိုတာ အလွန်အသုံးဝင်တဲ့ အီလက် ထရောနစ် ပစ္စည်းတစ်ခုပါ။ စာဖတ်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ဖို့ပဲဖြစ်ဖြစ်၊ အင်တာနက် သုံးဖို့ပဲဖြစ်ဖြစ် တက်ဘလက်တွေရဲ့ အသုံးဝင်မှုက ပြောမကုန်နိုင်အောင်ပါပဲ။

ဒါပေမယ့် အစည်းအဝေးတစ်ခုမှာ PowerPoint နဲ့ ရှင်းလင်းတင်ပြ ရမယ်ဆိုရင် USB ပါတဲ့ တက်ဘလက်ကနေသာ သီးသန့် ပရော်ဂျက်တာ တစ်လုံးနဲ့ ချိတ်ဆက်ရန် လိုအပ်မှာဖြစ်သလို သင့်ရဲ့ စိတ်ကြိုက်ရုပ်ရှင်တစ်ခုကို မိသားစုနဲ့ မျှဝေချင်တယ် ဆိုရင်လည်း HDMI ပါတဲ့ တက်ဘလက်ဖြစ်မှသာ တီဗီနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ရင်တော့ ကေဘယ်ကြိုးတွေ၊ ချိတ်ဆက်ခလုတ်တွေနဲ့ ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။

ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းပေးမယ်လို့ မိမိကိုယ်ကို အမွှန်းတင်ထားတဲ့ တက်ဘလက် တစ်လုံး ဈေးကွက်တွင်းသို့ ရောက်ရှိလာခဲ့ပါပြီ။ Promate ကုမ္ပဏီထုတ် LumiTab ဟာ ပရောဂျက်တာ ထည့်သွင်းတပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဘက်စုံသုံး တက်ဘလက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်များအရတော့ LumiTab ဟာ Jelly Bean သုံးထားသည်မှာ မှန်သော်လည်း စွမ်းဆောင်ရည် ပိုင်းမှာ ဘက်စုံသုံး ထိပ်တန်း တက်ဘလက် တစ်လုံးအဖြစ် ဈေးကွက် တွင်းသို့ ဖောက်ထွင်းဝင်ရောက် နိုင်မည်မဟုတ်ပေ။ ပရော်ဂျက်တာ သုံးစွဲရန် လိုအပ်သူများအတွက်မူ အသုံးဝင်မည်မှာ သေချာပါသည်။

LumiTab ၏ ပရော်ဂျက်တာဟာ 1080p Full HD ပုံထွက် ရရှိအောင် စွမ်းဆောင်နိုင်ပြီး အကျယ် ပေ ၁၀၀ ရှိ ပုံရိပ်အဖြစ် ဖန်တီးပေးနိုင်မည်ဟု သိရှိရသည်။ သင့်အနေနဲ့ တစ်ရပ်ကွက်လုံးက ရောင်းရင်းများအား ဖိတ်ခေါ်ပြီး ရုပ်ရှင်ပြမယ် ဆိုရင်တော့ ဒီ တက်ဘလက်ဟာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ဘယ်တော့ထွက်မည်၊ ဘယ်ဈေးရှိမည်တို့ကို မသိရှိရသေးပါ။

Specifications:

အရွယ်အစား - ၇ လက်မ
ပုံထွက်သိပ်သည်းဆ - 854 x 480 pixels
Operating System - Android 4.2 Jelly Bean
Processor – 1.5 GHz Dual-core ARM Cortex-A9 (Texas Instruments)
RAM - 1 GB
Storage – 16 GB
အခြား - ရှေ့ကင်မရာ ၊ နောက်ကင်မရာ ၊ Mini HDMI နှင့် Mini USB အပေါက်များ ပါဝင်

No comments:

Post a Comment