Tuesday, May 14, 2013

ရိုဟင်ဂျာ ၂၀၀ ခန့်ပါဝင်သော မုန်တိုင်းရှောင် လှေတစင်း ပေါက်တော၌ နစ်မြှုပ်

မေ-၁၄-၂၀၁၃
M-Media

မဟာစင် မုန်တိုင်းဘေးက လွတ်မြောက်အောင်   ရှောင်တိမ်းလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ၂၀၀ လောက်ပါဝင်တဲ့ လှေတစီးပါ စစ်တွေ ၊ ပေါက်တောမြို့အနီးမှာ နစ်မြှုပ်သွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာရေးဆိုင်ရာ ကူညီထောက်ပံ့မှု အဖွဲ့က ပြောကြားလိုက်ပါတယ်။

လှေနစ်မြုပ်ခဲ့တာဟာ တနင်္လာနေ့ညက ဖြစ်ပြီး လူဘယ်လောက် ပျောက်ဆုံးနေတယ် ဆိုတာကို မသိရသေးဘူးလို့ ပြောတယ်။

ရခိုင်ပြည်နယ်မျာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သိန်းကျော်ဟာ နေ့ရပ်စွန်ခွါပြီး ကယ်ဆယ်ရေးစခန်းနေမှာ နေထိုင်လာကြရတာ ယခုဆို ၁ နှစ်နီးပါးရှိလာပါပြီ။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားဒေရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်လာနိုင်တယ်လို့ ပညာရှင်များခန့်မှန်း ထားကြပြီး ကုလသမဂ္ဂ မှ မုန်တိုင်းဖြတ်သန်းနိုင်တဲ့ ဧရိယာတွေမှ ပြည်သူများကို ဘေးကင်း ရာ သို့ ရွှေပြောင်းပေးရန် နှိုးဆော်သတိပေးထားပါတယ်။

Ref: BBC

No comments:

Post a Comment