Tuesday, May 14, 2013

ခိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် လူ ၂ ဦး ထပ်မံသေဆုံး

Tuesday, May 14, 2013

ဆော်ဒီအရေးဗီးယားနိုင်ငံမှာ ခိုရိုနာဗိုင်းရပ်စ် လို့ ခေါ်တဲ့ ရောအသစ်အဆန်းတမျိုးကြောင့် လူနှစ်ဦးထပ်မံ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ခိုရိုနာဗိုင်းရပ်စ် ရောဂါသစ်ဟာ ဥရောပ တိုက် တခွင်ကိုလည်း ပြန့်နှံ့နေပြီလို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတိပေးချက်အရ အခုဖြစ်ပေါ်လာတဲ့ ခိုရိုနာဗိုင်းရပ်စ် ရောဂါသစ်ဟာ နီးနီးကပ်ကပ် ဆက်ဆံတဲ့လူတွေကို ကူးစက်ပြန့်ပွားနိုင်တဲ့ လူလူချင်း ကူးစက်တဲ့ ရောဂါတမျိုး ဖြစ်တယ်လို့ ဥရောပဆိုင်ရာ အေဘီစီ သတင်းထောက် Mary Gearin က သတင်းပေးပို့ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ခိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ လူ၃၃ယောက်ကို ဓါတ်ခွဲစမ်းသပ်မှုပြုခဲ့ပြီး အဲဒီထဲက ၁၈ယောက်ဟာ သေဆုံးခဲ့ပါတယ်။

ဒီရောဂါသစ်ကို ပင်လယ်ကွေ့ဒေသမှာ စတင်တွေ့ရှိခဲ့ပြီး အဲဒီကနေစပြီး ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီနိုင်ငံတို့ကို ပြန့်ပွားခဲ့ပါတယ်။

ဒီရောဂါသစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ လူတွေကိုကူးစက်သလဲဆိုတာ အခုချိန်ထိ အာဏာပိုင်တွေက မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ABC Radio Australia

No comments:

Post a Comment