RB News - 7.5.2013
အမ်စတာဒန် ။ ။ နယ်သာလန် နိုင်ငံ၊ အမ်စတာဒန်မြို့ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့တစ်ခု ဖြစ်သည့် Burmese Rohingya Community Netherlands မှဦးဆောင်၍ ဥရောပနိုင်ငံ များတွင် အခြေစိုက် သည့်အဖွဲ့ အစည်း ၁၁ ခုမှ ဥရောပ ကော်မရှင် ဥက္ကဌ H.E. Jose Manuel Barroso ထံသို့ လိပ်မူ၍ ယမန်နေ့က စာတစ်စောင် ရေးသား ခဲ့သည်။
အဆိုပါစာ၏ ခေါင်းစဉ်ကို မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်မှုနှင့် အစ္စလာမ် အကြောက် တရားများ အဆုံးသတ်ရန် ဟုရေးသား ထားပြီး၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဂျာမဏီ၊ နော်ဝေး၊ ပြင်သစ်၊ အိုင်ယာလန်၊ ဆွီဒင်နှင့် ဖင်လန် နိုင်ငံရှိ ရိုဟင်ဂျာ အဖွဲ့အစည်း ၁၀ ခုနှင့် ဂျာမဏီ နိုင်ငံမှ မြန်မာ မွတ်စလင် အဖွဲ့အစည်း တစ်ခုမှ ရေးသား၍ ပေးပို့ခြင်း ဖြစ်သည်။
ရခိုင် ပြည်နယ်တွင် လွန်ခဲ့သည့် နှစ် ဇွန်လနှင့် အောက်တိုဘာလ များတွင် ရိုဟင်ဂျာများနှင့် ကမန်များ အပေါ် အကြမ်းဖက် မှုများ ပြီးနောက် ယခု အချိန်ထိ နဂို မူလ အခြေအနေ သို့ပြန်လည် မရောက်ရှိ သေးကြောင်း၊ ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ လှုပ်ရှားမှုသည် မွတ်စလင် ဆန့်ကျင်ရေး အတွက် အဓိက လောင်စာ သဖွယ် ဖြစ်နေကြောင်း၊ အဆိုပါ စာတွင် ရေးသား ထားသည်။
ထို့အပြင် ရခိုင် ပြည်နယ် အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များ ကြုံတွေ့ နေရသည့် အခက် အခဲများ၊ ရခိုင် ပြည်နယ် အ၀န်းရှိ နစက များ၏ လူမဆန်သည့် လုပ်ရပ်များ၊ ရခိုင် အစွန်းရောက် များကြောင့် ရင်ဆိုင် နေရသည့် အခက် အခဲများကို သေချာ ရှင်းလင်းစွာ ရေးသား ထားသည်။
မြန်မာ နိုင်ငံ အလယ်ပိုင်း မိတ္တီလာမြို့၊ ပဲခူးတိုင်းနှင့် ဥက္ကံမြို့ များတွင် မတ်လ (၂၀) ရက်နေ့ မှစတင်၍ ဖြစ်ပွား ခဲ့သည့် မွတ်စလင် များအပေါ် အကြမ်းဖက် မှုများ အကြောင်းနှင့် ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ နှင့်ပတ်သက် သည်များကို လည်း ရေးသား ထားသည်ကို တွေ့ရသည်။ အဆိုပါ စာနှင့်အတူ မေလ (၄) ရက်နေ့က ရိုဟင်ဂျာ အဖွဲ့အစည်း (၁၀) ခုမှ ရခိုင် အစီရင်ခံစာ နှင့်ပတ်သက်၍ ထုတ်ပြန် ခဲ့သော ကြေညာချက်ကို လည်းပူးတွဲ၍ တင်ပြ ခဲ့ကြောင်း သိရသည်။
ဥရောပ ကော်မရှင်သို့ အဖွဲ့အစည်း ၁၁ ခုမှ ပေးပို့သည့် စာဖတ်ချင်လျှင် http://bit.ly/13eEk58
ရခိုင် အစီရင်ခံစာနှင့် ပတ်သက်၍ အဖွဲ့အစည်း ၁၀ ခု၏ ကြေညာချက် ဖတ်ချင်လျှင် http://bit.ly/122yHG5

No comments:
Post a Comment