Saturday, April 20, 2013

ရခိုင်က ဒုက္ခသည်တွေ မိုးမကျမီ အမိုးအကာအောက် ရောက်ရေး စိုးရိမ်ရ

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်က လူမျိုးစု ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ခဲ့ရပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူ ၁ သိန်းကျော်ဟာ အခု ကျရောက် တော့မယ့် မိုးရာ သီမှာ အမိုးအကာအောက် ရောက်နိုင် မလားဆိုတာ စိုးရိမ်ရတဲ့ အခြေ အနေမှာ ရှိနေတယ်လို့ ကုလသမဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီဖြစ်တဲ့ UNHCR ကပြောကြား လိုက်ပါတယ်။

ရေကြီးတတ်တဲ့ နေရာတွေမှာ အခုလောလောဆယ် ရွက်ဖျင်တွေနဲ့ နေနေကြတဲ့ ဒုက္ခသည် ၆ သောင်း အတွက် မိုးရာသီရောက်ရင် အန္တရာယ် များနိုင်တဲ့ အတွက် အထူး စိုးရိမ်တယ်လို့ပြောပါတယ်။

ဒုက္ခသည်တွေ အတွက် ကူညီဆောင်ရွက်ရေး ရန်ပုံငွေ မလုံ မလောက်ဖြစ်နေ တယ်လို့ လည်း UNHCR ကနေ သတိပေးလိုက်ပါတယ်။

သောကြာ နေ့ ကတော့ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး စစ်တွေမြို့ မိ မြို့ ဖတွေ နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment