Sunday, April 28, 2013

ဇီးကုန်း မြို့မှ အုပ်ချူပ်ရေးပိုင်း တာဝန်ရှိသူများမှ အကြမ်းဖက်မှုများ ထပ်မဖြစ်စေရဟု အာမခံပြောကြား

ဧပြီလ ၂၈၊ ၂၀၁၃
M-media

ဇီးကုန်းမြို့ခံ တစ်ဦးမှ “၂၇ရက်နေ့ ညကတော့ မြို့ က ဆရာ ဦးမျိုးညွှန့်( ယခင် အမှတ်၎ ရယက ဥက္ကဌ ) ၊ဒေါ်အေးအေးခိုင် (ဒု လ၀က ဦးစီးမှူး)၊ ၊ကိုသက်နိုင်ဦး (ဗဟိုတရားရုံး ရှေ့နေ) နှင့် မြို့မိ မြို့ဖ နှင့် ဌါနဆိုင်ရာ ရဲစစ်သား အုပ်ချုပ်ရေးမှူး အားလုံး အဖြစ်မခံဘူး ဆိုကာ ၀ိုင်းဝန်းစောင့်ရှောက် ကြပါသည်။ အဖျက်သမားများ ဘက်မှ ၄.၅.၂၀၁၃ နေ့အထိ target ထားရအောင် ဖျက်ဆီးမယ်လို့ သတင်းလွှင့်ထားတဲ့ အတွက် မွတ်စလင်တွေ အကုန်လုံး ထိတ်လန့် စိုးရိမ်နေရပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ ကူညီပေးကြပါ ” ဟု M-Media သို့ပြောပြလာပါသည်။

ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယမန့်နေ့ည ၂၇.၄.၂၀၁၃ နှင့် ယနေ့ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှု သတင်းများ ပျံနှံလျက်ရှိသောကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ် ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဇီးကုန်းမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲဝင်များ၏ မြင်ကွင်းဖြစ်ပါသည်။

ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းများ ဖတ်လိုလျင် http://www.m-mediagroup.com/news/12814

No comments:

Post a Comment