Sunday, April 28, 2013
၂၆-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်
၂၆-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကျောက်ရဲ
ကျေးရွာ အောင်ဇေတ၀န်ထန်းတောကျောင်းတိုက်၌
ကျောင်းဆောင်သစ်ဆောက်လုပ်ရန်
ကျောင်းထိုင် ဆရာတော်ဦးစီး၍ ရွာသား(၉)ဦးဖြင့်
ကျောင်းဆောင်
ဟောင်း ၏(၂၅)ပေခန့်အကွာတွင် မြေကျင်းတူးရာ (၉)လက်မခန့်အရောက်တွင် ၁၈၆၂
ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်းရှိ ငွေဒင်္ဂါးပြား ၂၀၆ ပြား ကို မြေအိုးဖြင့် ထည့်လျက်
တူးဖော်တွေ့ရှိခဲ့သည်။
အဆိုပါကျောင်းတိုက်သို့ ၂၇-၄-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ချောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး ခဲ့ပြီး ရှေးဟောင်းသုတေသနသို့ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ သက္ကရာဇ် ၁၂၁၄ ခုနှစ် ဒေါင်းဒင်္ဂါးပြား(၁)ပြားကို ကျောင်းထိုင်ဆရာတော်မှ ရှေးဟောင်းသုတေသနဌာနသို့ ပေးအပ်လှူဒါန်း ခဲ့ပြီး ကျန်ငွေဒင်္ဂါးပြား(၂၀၅)ပြားအား ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment