Mmedia
၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်ရောက်ရှိ လာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင်သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်ဘာလမှာ တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာ ကိုသင်ကြားပြသခဲ့ပါတယ်။ တူရကီတပ်မတော်က ဒုက္ခသည်စခန်းရွာတွေမှာ ယာယီတဲ ဗလီဝတ် ကျာင်းေ တာ် များဖြင့် သာသနာပြုခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၁၉၅၅-ခုနှစ် အောက်တို ဘာလ မှာ အစ္စလာမ်ဘာသာဝင်ညီနောင်များက အစောပိုင်းမှာ Korea Muslim Committee ကို စတင်အကောင်အထည်ဖော်ပါတယ်။

၁၉၆၁-ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံမှ လွှတ်တော်အမတ် ‘အိုဗိုင်ဒူလာ’ ဦးဆောင်တဲ့ ၁၄-ဦးအဖွဲ့ ၁၃-ရက် သာသနာပြုခရီးရောက်ရှိခဲ့ပါတယ်။ အချို့ ကိုရီးယားမွတ်စလင်များကို မလေးရှားနိုင်ငံ မွတ်စလင်ကောလိပ်သို့ စေလွှတ်ပြီး ပညာသင်ကြားပေးတယ်။ ၁၉၆၂-ခုနှစ် ဩဂုပ်လမှာ ဒုဝန်ကြီး Tunku Abdul Rahman ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာလည်း သွားရောက်လေ့လာခဲ့ပြီး မလေးရှားအစိုးရမှ ‘ဆိုးလ်မြို့’၌ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် Korea Muslim Community သို့ ဒေါ်လာ ၃၃၀၀၀ လှူဒန်းခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနဲ့ အခြားအခက်အခဲများကြောင့် အပြီးမသတ်နိုင်ခဲ့ပါ။ ၁၉၆၃-ခုနှစ် အောက်တိုဘာလမှာ မလေးရှားအစိုးရအရာရှိတစ်ဦးဖြစ်တ
၁၉၆၇-ခုနှစ် မတ်လ ၃-ရက်နေ့မှာ အစိုးရခွင့်ပြုချက်နဲ့ Korean Islamic Foundation ကို စတင် မှတ်ပုံတင်တည်ထောင်နိုင်ခဲ့ပြီး
၁၉၆၀-ခုနှစ်မှာ ‘Subri Seo Jung Gil ‘ ဦးဆောင်ပြီး ပထမဆုံးအကြိမ်
‘ဟဂ်ျ’ပြုနိုင်ခဲ့တယ်။ ၁၉၇၈-ခုနှစ် အောက်တိုဘာလမှာ မွတ်စလင်ဦးရေ ၁၃၂-ဦး
‘ဟဂ်ျ’ပြုနိုင်ခဲ့ပြီး ၁၉၇၉-ခုနှစ်မှာ ၁၀၄-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့တာဟာလည်း
ကိုရီးယားမွတ်စလင် သာသနာပြု လုပ်ငန်းအား ပိုမိုအားတက်အရှိန်ရစေခဲ့ပါတယ်။
၁၉၇၄-၁၉၈၀ ခုနှစ်ကာလ အရှေ့အလယ်ပိုင်းဒေသ တိုးတက်ကြီးပွါးထင်ရှားလာမှု (Boom
of Middle East) ဟာလည်း ကိုရီးယားမွတ်စလင် သာသနာပြုလုပ်ငန်းအား
အာရုံစိုက်မှုရရှိစေခဲ့ပါတယ်။
၁၉၇၄-ခုနှစ် ဒီဇင်ဘာလမှာ သမ္မတကြီး Park Jung Hee ကဦးစီး၍ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် စကွဲမီတာ ၁၅၀၀ ရှိ မြေကွက်အား လှုဒါန်းခဲ့ပါတယ်။
၁၉၇၆-ခုနှစ် မေလမှာ ‘ဆိုးလ်မြို့’၌ ‘ဗဟို ဗလီဝတ်ကျောင်းတော်’ (Central Masjid) ကိုတည်ဆောက်ပြီးစီးနိုင်ခဲ့ပြီး Islamic Center ကိုလည်း ဖွင့်လှစ်နိုင်ခဲ့တာဟာ ကိုရီးယားမွတ်စလင်တို့အတွက် ကြီးမားသောအောင်မြင်ပြောင်းလဲမှု ကြီးဖြစ်ခဲ့ပါတယ်။ သာသနာဝင်အရေအတွက်လည်း တိုးတက်များပြားလာခဲ့ပါတယ်။
ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရပ်ခြားဂုဏ်သရေရှိပုဂ္ဂို လ်များအပြင် ဝန်ကြီးချုပ် ‘Choi Gyu Hwa’ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အတွက် အစ္စလာမ်သာသနာအပေါ်စိတ်ဝင်စားမှုဟာ လည်း တိုးတက်များပြားလာပါတယ်။
၁၉၇၆-ခုနှစ် ဒီဇင်ဘာလမှာ ဘူဆန်မြို့မှာ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ကိုရီးယားအစ္စလာမစ်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။ ၁၉၇၈-ခုနှစ် ဧပြီလမှာ အခြားမြို့တစ်ခုမှာလည်း ဗလီဝတ်ကျောင်းတော်တည်ဆောက်ခဲ့ပါ တယ်။
၁၉၈၀-ခုနှစ် မေလ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ‘Choi Gyu Hwa’ က ဆော်ဒီဘုရင် ‘ခါလစ်ဒ်’ အား ‘ကိုရီးယား အစ္စလာမစ် ကောလိပ်’ ဖွင့်လှစ်နိုင်ရန် မြေကွက်လှုဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ် စက်တင်ဘာလမှာ ‘ဘူဆန် အလ်ဖာတာ ဗလီဝတ်ကျောင်းတော်’ နဲ့ ၁၉၈၁-ခုနှစ် ဇွန်လမှာ ‘ဂွမ်ဂျု ဗလီဝတ်ကျောင်းတော်’များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆-ခုနှစ် ဧပြီလမှာ ‘အန်ယန် ရာဘီတာ အလ်အလမ် ဗလီဝတ်ကျောင်းတော်’ နဲ့ စက်တင်ဘာလမှာ ‘ကျွံဂျု အဘူဗကရ်ဆီဒက် ဗလီဝတ်ကျောင်းတော်’ များ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။
၁၉၉၀-ခုနှစ်မှာ ‘စူလ်တန်ဘင် အဗ္ဗဒူအဇစ်’ အခြေခံစာသင်ကျောင်း (Madrasah) ကိုတည်ထောင်ခဲ့ပြီး ၂၀၀၉-ခုနှစ် မေလမှာ ပထမဆုံး အစ္စလာမစ်မူလတန်းကျောင်း (Elementary School)ကို ဖွင့်လှစ်ခဲ့ပါတယ်။ နောင်အခါ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့အပြင် ယဉ်ကျေးမှုဌာနများလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်း
သိရပါတယ်။ ဆော်ဒီအာရေဗျ သံအမတ်ကြီး ‘အဗ္ဗဒူလာ အလ်အိုင်ဖန်’
ဆော်ဒီအာရေဗျအစိုးရကိုယ်စား Korea Islamic Foundation သို့ ဒေါ်လာ ၅-သိန်း
ပေးအပ်လှုဒါန်းခဲ့ပါတယ်။
၂၀၀၇-ခုနှစ် စာရင်းဇယားများနဲ့ Korea Islam Institute ဥက္ကဌ Lee Hee Soo ရဲ့ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ မွတ်စလင်ဦးရေ ၄၀၀၀၀-ကျော်ရှိနေ ပါပြီ။
(စကားချပ်။ ။ တောင်ကိုရီးယားမိတ်ဆွေတစ်ဦးရဲ့ မကြာသေးမီက ပြောပြချက်အရ အစ္စလာမ်သာသနာဟာ အလျင်အမြန်ပြန့်နှံ့နေကြောင်း ဝမ်းသာအားရ သိရှိရပါတယ်။)
လင်းယုန်နက် (ခြင်္သေ့မြို့တော်) ရှာဖွေစုဆောင်းတင်ပြသည်။
References:
http://www.islamkorea.com/
http://en.wikipedia.org/wiki/ Islam_in_Korea
ဓါတ်ပုံ- ဆိုးလ်မြို့ရှိ ဗဟိုဗလီ Photo- http://en.wikipedia.org/
၁၉၇၄-ခုနှစ် ဒီဇင်ဘာလမှာ သမ္မတကြီး Park Jung Hee ကဦးစီး၍ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် စကွဲမီတာ ၁၅၀၀ ရှိ မြေကွက်အား လှုဒါန်းခဲ့ပါတယ်။
၁၉၇၆-ခုနှစ် မေလမှာ ‘ဆိုးလ်မြို့’၌ ‘ဗဟို ဗလီဝတ်ကျောင်းတော်’ (Central Masjid) ကိုတည်ဆောက်ပြီးစီးနိုင်ခဲ့ပြီး
ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရပ်ခြားဂုဏ်သရေရှိပုဂ္ဂို
၁၉၇၆-ခုနှစ် ဒီဇင်ဘာလမှာ ဘူဆန်မြို့မှာ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ကိုရီးယားအစ္စလာမစ်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။ ၁၉၇၈-ခုနှစ် ဧပြီလမှာ အခြားမြို့တစ်ခုမှာလည်း ဗလီဝတ်ကျောင်းတော်တည်ဆောက်ခဲ့ပါ
၁၉၈၀-ခုနှစ် မေလ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ‘Choi Gyu Hwa’ က ဆော်ဒီဘုရင် ‘ခါလစ်ဒ်’ အား ‘ကိုရီးယား အစ္စလာမစ် ကောလိပ်’ ဖွင့်လှစ်နိုင်ရန် မြေကွက်လှုဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ် စက်တင်ဘာလမှာ ‘ဘူဆန် အလ်ဖာတာ ဗလီဝတ်ကျောင်းတော်’ နဲ့ ၁၉၈၁-ခုနှစ် ဇွန်လမှာ ‘ဂွမ်ဂျု ဗလီဝတ်ကျောင်းတော်’များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆-ခုနှစ် ဧပြီလမှာ ‘အန်ယန် ရာဘီတာ အလ်အလမ် ဗလီဝတ်ကျောင်းတော်’ နဲ့ စက်တင်ဘာလမှာ ‘ကျွံဂျု အဘူဗကရ်ဆီဒက် ဗလီဝတ်ကျောင်းတော်’ များ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။
၁၉၉၀-ခုနှစ်မှာ ‘စူလ်တန်ဘင် အဗ္ဗဒူအဇစ်’ အခြေခံစာသင်ကျောင်း (Madrasah) ကိုတည်ထောင်ခဲ့ပြီး ၂၀၀၉-ခုနှစ် မေလမှာ ပထမဆုံး အစ္စလာမစ်မူလတန်းကျောင်း (Elementary School)ကို ဖွင့်လှစ်ခဲ့ပါတယ်။ နောင်အခါ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့အပြင် ယဉ်ကျေးမှုဌာနများလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်
၂၀၀၇-ခုနှစ် စာရင်းဇယားများနဲ့ Korea Islam Institute ဥက္ကဌ Lee Hee Soo ရဲ့ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ မွတ်စလင်ဦးရေ ၄၀၀၀၀-ကျော်ရှိနေ ပါပြီ။
(စကားချပ်။ ။ တောင်ကိုရီးယားမိတ်ဆွေတစ်ဦးရဲ့ မကြာသေးမီက ပြောပြချက်အရ အစ္စလာမ်သာသနာဟာ အလျင်အမြန်ပြန့်နှံ့နေကြောင်း ဝမ်းသာအားရ သိရှိရပါတယ်။)
လင်းယုန်နက် (ခြင်္သေ့မြို့တော်) ရှာဖွေစုဆောင်းတင်ပြသည်။
References:
http://www.islamkorea.com/
http://en.wikipedia.org/wiki/
ဓါတ်ပုံ- ဆိုးလ်မြို့ရှိ ဗဟိုဗလီ Photo- http://en.wikipedia.org/
No comments:
Post a Comment